Part-19

1.5K 98 1
                                    

Unicode Version

"မနက်ဖြန် Valentine day မှာ အကို့ကို ငါ လက်ဆောင်တစ်ခုပေးမယ်"

"ဘာလက်ဆောင်လဲ ကျန့်"

"အဲ့ဒီတော့မှပဲ အကိုကြည့်တော့။ အခုတော့ ငါကြိုမပြောပြချင်ဘူး"

သူ့ရဲ့ အကြံအစည်တစ်ခုကိုမျှ မသိရှာသော ရှောင်ကျန့်ကိုကြည့်ပြီး လီရှန်း သနားမိပါ၏။ သို့သော် အချစ်နှင့် ကျေးဇူးဆပ်မည့် အစီအစဥ်ကိုတော့ သူနောက်ဆုတ်ရန် အနည်းငယ်မျှ မစဥ်းစားမိ။

"ကိုယ် မနက်ဖြန်မနက် အနီရောင်ရှပ်အင်္ကျီနဲ့ စတိုင်ဘောင်းဘီ အဖြူရောင်ဝတ်ပြီး ကန်ပေါင်မှာ စောင့်နေမယ်။ ကိုယ်တို့ ထိုင်နေကျနေရာလေးမှာနော်။ ကျန့် .. လာခဲ့"

"အင်း... လာခဲ့မယ်။ နောက်ပြီး .. လက်ဆောင်ယူဖို့လည်း ပြင်ဆင်ထားဦး"

"ကျန့်... နောက်မကျနဲ့နော်"

လီရှန်းရင်တွေ လေးလံနေသော်လည်း ချစ်သူလေးကိုတော့ ကျေးဇူးအတွက် ကိုယ်တိုင်ပင် ရောင်းစားလို့နေ၏။

"ကျန့်ကို ကိုယ်တကယ်ချစ်တာပါ"

လီရှန်း လေးလေးပင်ပင် ဝန်ခံသည့် အချစ်စကားကို ရှောင်ကျန့်က သံသယကင်းစွာဖြင့် နားထောင်ရင်း ပြုံးလို့နေ၏။

//////////

"မနက်ဖြန် ကန်ပေါင်မှာ အနီရောင်ရှပ်အင်္ကျီနဲ့ စတိုင်ဘောင်းဘီ အဖြူကိုဝတ်ပြီး မနက် ၈ နာရီ အရောက်သွားပါ ရိပေါ်... ။ အဲ့ဒီမှာ ရှောင်ကျန့် ရှိနေလိမ့်မယ်။ ရိပေါ်ပြောချင်တာ ပြောလို့ရပါတယ်"

လီရှန်းက သူ့ရင်ထဲမှ အချစ်များကို မျက်ကွယ်ပြုပြီး သူကိုယ်တိုင်ပင် ဇာတ်ညွှန်းရေး၊ သူကိုယ်တိုင်ပင် ဒါရိုက်တာလုပ်နေမိပါ၏။

"တကယ်လား ကော"

သူ့ရဲ့ဇာတ်ညွှန်းကြောင့် အလွန်ပျော်ရွှင်သွားသူကတော့ ဝမ်ရိပေါ်ပင်ဖြစ်၏။ မနက် ကုမ္ပဏီကို လာတုန်းက ရှောင်ကျန့်ကို သူကိုယ်တိုင် ချိန်းခဲ့ပြီး ယခု သူ့အစား ဝမ်ရိပေါ်ကိုပင် လွှတ်မိပြန်၏။

"သေချာလို့လား ကောရယ်"

"သူနဲ့ သူ့ချစ်သူ ချိန်းထားတာ ကော နားနဲ့ ဆက်ဆက်ကြားခဲ့တာပါ"

ချစ်ခွန်းဖွဲ့သီ ချစ်သူ့ဆီ (COMPLETED)Where stories live. Discover now