Part-18

1.5K 98 2
                                    

Unicode Version

နေ့၊ လ၊ ရက်တို့ တစ်ရစ်ပြီးတစ်ရစ် ကုန်ဆုံးသွားပြီဖြစ်သော်လည်း တစ်ခါလေးသာ မြင်တွေ့လိုက်ရသော ထိုလူသားကို ဝမ်ရိပေါ် ဇွဲကြီးကြီးနှင့် မျှော်လင့်နေမိတယ်။ ထိုလူသားအကြောင်းကို တွေးရင်းနှင့် သူ့အချစ်တို့သည် ထိုလူသားကို မေ့သွားမည့်အစား ပို၍ပင် ခိုင်မြဲလာခဲ့ပါတော့တယ်။

"ဒီတစ်ခါ ခင်ဗျားကို ပြန်တွေ့ရင် ရအောင် အပိုင်သိမ်းပစ်လိုက်ဦးမယ် အမည်မသိ ... ခင်ဗျားရေ"

ထိုလူသားနှင့်တူသည့် လူတွေ့တိုင်းလည်း ဝမ်ရိပေါ် အသည်းအသန် ငေးကြည့်မိတယ်။ သို့သော် တစ်ခဏလေးသာ တွေ့လိုက်ရသော်လည်း အလွန်စွဲမြဲစွာ မှတ်မိသွားသောကြောင့် ထိုလူသားမဟုတ်မှန်း လှမ်းကြည့်တာနဲ့တင် သိသာတယ်။

ဒီလိုနှင့်ပင် နှစ်၊ လ၊ ရက်တို့သည် တဖြည်းဖြည်း ၅ နှစ်ဆိုသော အချိန်ကြီးကိုဖြတ်ကျော်လာခဲ့ပါတော့တယ်။ အလုပ်ဆင်းချိန်တွင် သူ့ရုံးခန်းထဲသို့ လီရှန်းဝင်လာတယ်။

"ရိပေါ် ... ကော အလုပ်ဆင်းတော့မယ်နော်"

"အင်..."

"ရိပေါ်ရော မပြန်သေးဘူးလား"

"ပြန်တော့မှာပါ"

လီရှန်းဆိုသော သူ့ PA (Personal Assistant) ကတော့ သူ့အဖေ တရုတ်ပြည်မှာ ရှိစဥ်ကတည်းက ကျွေးမွေးပြုစုထားခဲ့ခြင်းဖြစ်တယ်။ သားအမိနှစ်ယောက်တည်းသာရှိတဲ့ လီရှန်းတို့မိသားစုကို သူ့အဖေက လိုလေသေးမရှိ ထောက်ပံ့ပေးခဲ့တယ်။ လီရှန်းနဲ့ သူ  ပညာသင်ကြားနေချိန်တစ်လျှောက်လုံးလည်း သူ့အဖေကပဲ အားလုံးထောက်ပံ့ပေးခဲ့သလို သူတို့တွေ ကျောင်းပြီးသွားတော့လည်း သူ့အဖေက လီရှန်းကို Company မှာပင် နေရာပေးထားခဲ့တယ်။

လီရှန်းက သူ့ထက် အသက် ၂နှစ်နီးပါးလောက်ကြီးတယ်။ ထို့ကြောင့် လီရှန်းကို သူက လီရှန်းကော ဟုသာ ခေါ်ဝေါ်ခဲ့တယ်။ သူ့အဖေက Austria သို့ ထွက်မသွားခင်အထိ လီရှန်းကို ထောက်ပံ့နေပြီး Austria ကို ထွက်သွားတော့လည်း သူ့ကို ဆက်လက်တာဝန်ယူခိုင်းခဲ့တယ်။

"လီရှန်းရဲ့ အဖေက သိပ်ကို သစ္စာရှိတဲ့ဝန်ထမ်း သားရ ... ။ ဒီတော့ သူ့ သစ္စာကို လေးစားတဲ့အနေနဲ့ သူမဆုံးခင် သူ့ မိသားစုကို ဖေဖေက တာဝန်ယူပေးမယ်လို့ ပေးထားခဲ့တဲ့ကတိကို တည်အောင် သားဆက်ပြီး ထိန်းသိမ်းပေးပါကွာ"

ချစ်ခွန်းဖွဲ့သီ ချစ်သူ့ဆီ (COMPLETED)Where stories live. Discover now