လေဆိပ်မှာ အခြားသောဝန်ထမ်းတွေနဲ့အတူ ကုမ္မဏီရဲ့အရေးကြီးပုဂ္ဂိလ်တစ်ယောက်ကိုကြိုဖို့အတွက် DK လုပ်ငန်းရဲ့ အတွင်းရေးမှူးဖြစ်တဲ့ရှောင်းကျန့် တာဝန်ပေးခံရတယ်။
လေယာဉ်ဆိုက်မယ့်အချိန်လည်းနီးနေပြီဖြစ်တော့ နာရီ
တကြည့်ကြည့်ဖြင့် တခြားဝန်ထမ်းတွေကိုပါ နာမည်ဘုတ်ပြားအားသေချာကိုင်ခိုင်းထားသည်။DKGroupမှာလုပ်သက်၃နှစ်နီးပါးရှိပြီဖြစ်တာကြောင့်
ရှောင်းကျန့်က CEO ရဲ့ အလေးပေးချင်းကိုခံရတဲ့ဝန်ထမ်း
တစ်ယောက်ဖြစ်တယ်။ တည်ကြည်ပြီးအလုပ်ကိုလည်း
လေးစားတာကြောင့် စံပြဝန်ထမ်းအဖြစ်နာမည်ကြီးသည်။ဖုန်းဆီကနေ တုန်ခါနေတာကိုသိတာနဲ့ ရှောင်းကျန့် သူ့အိတ်ထဲက ဖုန်းကိုအသာထုတ်ကြည့်လိုက်တော့
အိမ်နီးချင်း အန်တီကြီးရဲ့ နံပါတ်ဖြစ်နေသည်။ ကိုကို့ကို အပ်ထားခဲ့တာဖြစ်လို့ ရှောင်းကျန့်ဖုန်းကိုကိုင်လိုက်သည်။"အန်တီ ဘာကိစ္စရှိလို့လဲ. မရေးမကြီးရင်"
အရေးမကြီးဘူးဆိုရင်ဖုန်းကိုချလိုက်တော့မလို့ပဲ.အန်တီကြီးဆီကနေရှောင်ရှောင်းလေးကိုရှာမတွေ့ဘူးဆိုတာကြားလိုက်တော့.. ရှောင်းကျန့်လန့်သွားသည်။
"ဗျာ.. ကိုကို့ကိုမတွေ့တာ ဘယ်လောက်ကြာပြီလဲ"
"မနက်စာစားပြီးတည်းကဆိုရင်အခုပဲ ညနေရောက်တော့မယ် ကြာနေပြီလေ ဘာလို့သေချာမကြည့်ပေးထားတာလဲ
ကျွန်တော်အခုလာခဲ့မယ်။"ဖုန်းကိုချပြီးတာနဲ့အခြားဝန်ထမ်းတွေကိုရှောင်းကျန့်လှည့်ပြောလိုက်တယ်။မျက်နှာမှာလည်းစိုးရိမ်မူတွေအပြည့်ဖြင့်။
"ကျွန်တော် အရေးကြီးကိစ္စလေးရှိလို့ ခဏလေးပါပဲ.အချိန်မှီပြန်လာပါ့မယ်။ "ရှောင်းကျန့်လေဆိပ်ကနေ တက္ကစီတစ်စီးကိုငှားကာ သူတို့နေတဲ့ ရပ်ကွက်လေးထဲမောင်းခိုင်းလိုက်တယ်။
ကြာလေ ကိုကို့အတွက် အန္တရာယ်များတာကြောင့်.. အိမ်ပြန်ရောက်နေပါစေလို့သာ ဆုတောင်းနေသည်။"ဦးလေး.. မြန်မြန်လေးမောင်းပေးပါ"
နေထိုင်ရာရပ်ကွက်နားရောက်တာနဲ့
ကားခရှင်းပြီးကိုကို့ကိုအပ်ထားတဲ့ဘေးအိမ်ကအန်တီကြီးဆီကိုရှောင်းကျန့်အပြေးသွားကာမေးလိုက်သည်။
YOU ARE READING
𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!]
Fanfiction"ဦးလေးကြီးက ရှောင်ရှောင်းကို ဘာလို့ မွှေးမွှေးပေးတာလဲဟင် " "ဦးလေးကြီးက ရှောင်ရှောင်းကို ဘာလို့ မွှေးမွှေးပေးတာလဲဟင်။"