W H O ( 14 )

2.5K 207 32
                                    

ဖြူပေမယ့် အတွန့်အကြေအနည်းငယ်ရှိနေသည့် စာအိတ်၊
ထိုစာအိတ်ပေါ်တွင်.. "အလုပ်ထွက်စာ"လို့ရေးထားသည်။
ချိတုန်ချတုန်နှင့်.. CEO ရုံးခန်းထဲက ပိုင်ရှင် ရောက်မလာ
သေးတဲ့ အလုပ်စားပွဲရှေ့တွင် ရှောင်းကျန့် ရပ်နေသည်မှာ အချိန်အားဖြင့်မနည်းလှ။

မြန်မြန်ဆန်ဆန် ထားခဲ့ပြီး ပစ္စည်းသိမ်းရတော့မှာကို သူအခု
ထိ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေဆဲ။ ဒီအလုပ်ကနေ ထွက်ပြီး.. နောက်ထပ်အလုပ်တစ်ခုမြန်မြန်ရဖို့ကလည်း
ဖြစ်နိုင်ပါ့မလား။ သူတစ်ယောက်တည်းအတွက်တော့.အလုပ်
အသစ်တစ်ခု အေးအေးဆေးဆေးရှာလို့ရပေမယ့်၊  ကိုကို့
အတွက်တော့.. ဒီလို မိုက်ရူးရဲဆန်လို့လည်းမဖြစ်သေး။

" ရှောင်းကျန့်.. မင်းလုပ်နိုင်မှာပါ..
  မြန်မြန်ဆုံးဖြတ်ချက်ချရအောင်"

စားပွဲပေါ်မှာ ထွက်စာကို ချထားလိုက်မယ့်အချိန်မျာ တံခါး
ပွင့်လာတာမို့ စာအိတ်ကို ကျောနောက်ဘက်တွင်ဝှက်၍..
လှည့်ကြည့်သည်။ ခါတိုင်းထက်စောပြီး Company ကို ရောက်လာတဲ့ CEO ကို ဘယ်နားပြေးပုန်းရမှန်းမသိနှင့်
ထိပ်တိုက်ဆုံတွေ့ရတော့သည်။ မထူးတာမို့ ခါတိုင်းလို
ခေါင်းငုံ့အရိုသေပေး..ပြီး.. နှုတ်ဆက်လိုက်တယ်။

CEO ချန်းမင်ဟန်က နက်ပြာရောင် ၀တ်စုံပြည့်ကို ၀တ်ဆင်ထားပြီး၊ ခါတိုင်းလိုသပ်ရပ်ပိပြားနေတဲ့ ဆံပင်.. ကိုယ်နေဟန်ထားအကုန်အဆင်ပြေနေပါလျှက်.မျက်နှာထက်
မှာတော့နွှမ်းလျှမှုတွေကို ရှောင်းကျန့်မြင်နေရတယ်။

"  ကောင်းသောနံနက်ခင်းပါ.. CEO "

နောက်ကျောဘက်မှာဖွက်ထားတဲ့..စာအိတ်ကို သူဝင်လာလာခြင်းမှာ ဖြတ်ခနဲမြင်ခဲ့တာမို့ ဘာမှန်းမေးစရာ
မလိုအောင် ချန်းမင်ဟန်သဘောပေါက်သွားသည်။

တစ်ညလုံး မအိပ်စက်ရသေးသည့် နီရဲနေတဲ့ မျက်ဝန်း
ခပ်ရဲရဲတွေနဲ့ ရှောင်းကျန့်ကို နောက်ဆုံးအနေနှင့်ငေးကြည့်
ပြီးနောက်.အနားသို့ခပ်မြန်မြန်သွားကာ.လက်မောင်းကနေ ဆွဲ၍ သူ့ရင်ခွင်ထဲထည့်ပစ်၏။

ပွေ့ဖက်ထားရင်းပဲ နောက်တွင်ဝှက်ထားသည့် စာအိတ်ကို
ဆွဲယူပြီးနောက်.. ရုန်းဖို့ကြိုးစားနေသည့် ရှောင်းကျန့်ကို.
ခပ်တိုးတိုးစကားတစ်ခွန်းပြောသည်။

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now