W H O (2)

3.9K 388 21
                                    


မနက်ရောက်လို့အလုပ်သွားဖို့ပြင်ပြီးတာနဲ့ ကိုကို့်ကို အင်္ကျီအနွေးထည်လေးဝတ်ပေးကာ.လက်ကိုဆွဲပြီး ထွက်လာသည်။ သူတို့နှစ်ယောက်ရဲ့အိမ်တံခါးလေးကိုသော့ခတ်ပြီးတာနဲ့
လှေကားအောက်နားက အန်တီကြီးအိမ်ကိုသွားရသည်။
ဒီနေ့က စောစောပြန်ရောက်လောက်ပါတယ်။ အလုပ်ထုတ်ခံ
ရဖို့က ပိုများတယ်လေ။

အန်တီကြီးရဲ့အိမ်တံခါးကိုခေါက်ကာ ထွက်လာတာနဲ့
ကိုကို့ကို အပ်ထားပြီး ပိုက်ဆံထည့်ထားတဲ့စာအိတ်လေးကို
ပေးလိုက်တယ်။

"အန်တီ..ဒီလအတွက် ကျွန်တော် များများလေး
ထည့်ထားပါတယ်။ ကျေးဇူးပြုပြီး ကိုကို့ကို သေချာ
ကြည့်ပေးပါ။ ကျွန်တော့်မှာ ကိုကိုတစ်ယောက်ပဲရှိတော့တာ
မို့လို့."

"အင်းပါကွယ်. အန်တီ ရှောင်ရှောင်းလေးကို
ဂရုစိုက်ပါ့မယ်။စိတ်ချပါ"

အန်တီကြီးရဲ့အိမ်ထဲမှာ ထိုင်ကာ အရုပ်လေးတွေကိုဆော့နေ
တဲ့ ကိုကို့ကို တစ်ချက်လှမ်းကြည့်ပြီး နှုတ်ဆက်လိုက်တယ်။

"ကိုကို..ကျွန်တော်သွားပြီနော်"

"အင်း. ညီလေး ကောင်းကောင်းသွားပါ။
ရှောင်ရှောင်း. လိလိမ္မာမ္မာနေခဲ့ပါ့မယ်။"

ကိုကို့ကိုထားခဲ့ပြီးထွက်လာကာ.နာရီကိုကြည့်တော့ ရုံးချိန်ကနီးနေပြီဖြစ်တာကြောင့် ဘတ်စ်ကားဂိတ်ကို
အမြန်လျှောက်ရပြန်တယ်။ အလုပ်သွားချိန် Suit အပြည့်ဝတ်ထားတဲ့ရှောင်းကျန့်ကအရမ်းချောလွန်းကြည့်
ကောင်းလွန်းတာကြောင့် မိန်းကလေးတော်တော်များများ
သဘောကျကြတယ်။လာရောတဲ့မိန်းကလေးတွေကိုရှောင်းကျန့်သဘောမကျပေမဲ့
ငြင်းစရာမလိုပဲထိုမိန်းကလေးတွေကသူ့အကိုအကြောင်းကိုသိရင် အလိုလိုဘေးဖယ်သွားကြသည်။

ကိုကိုရှိနေလို့ သူချစ်သူမရတာလို့ပဲပြောမလား
ဘာပဲဖြစ်ဖြစ်အဲ့တာကိုသူပိုကြိုက်တယ်။ ချစ်သူထားမယ့်
အစား သူ့ရဲ့ကိုကို့ကိုပဲ ပိုဂရုစိုက်တာက အကောင်းဆုံးမဟုတ်လား။

ရှောင်းကျန့်ကအကိုဖြစ်သူနဲ့ ရုပ်ချင်းတူပေမယ့် သူ့အကိုနဲ့ကလွဲရင်အရယ်အပြုံးမရှိပဲနေတက်တဲ့
ကောင်လေးတစ်ယောက်ဖြစ်တယ်။ အဲ့တာတစ်ချက်ကတော့
သူနဲ့ကိုကိုရဲ့ကွာခြားချက်ပဲ။

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now