W H O (3)

3.1K 373 36
                                    

ချောကလက်လေးကို မကုန်အောင် ခြွေတာစားရင်း
ဖြတ်သွားတဲ့ ကားတွေနဲ့ လူအချို့ကို လိုက်ငေးနေသည်။
ငေးမောနေရင်း ကားမှတ်တိုင်နဲ့မလှမ်းမကမ်းမှာ
ရပ်ထားတဲ့ကားအပြာရောင်လေးတစ်စီးကိုရှောင်းရှောင်း
တွေ့လိုက်တယ်။

မျက်လုံးထဲမှာအပြာရောင်တောက်တောက်လေးက
လှနေတာကြောင့် ထိုင်မနေတော့ပဲ ထိုကားလေးအနားကို
ချဉ်းကပ်သွားသည်။အမိုးပွင့်နေတဲ့အပြာရောင်ကားလေးက
သူများကားတွေလို အလုံပိတ်ကြီးမဟုတ်တာကိုရှောင်ရှောင်း ပိုသဘောကျနေသည်။သူ့ဆီမှာလည်း ဒီလိုအရောင်
တစ်ပုံစံတည်း ကားလေးရှိသေးတယ်။

" ဒီကားလေးက အခြားကားတွေလို အမိုးလည်းမပါဘူး
  မိုက်တယ်.. ရှောင်းရှောင်းမှာလည်းအဲ့လိုကားလေးရှိတယ်
ရှောင်းကျန့်လေး ၀ယ်ပေးထားတာ.. "

ကားကိုကိုင်ကြည့်ပြီး ပျော်နေရာကနေ ချက်ချင်း
ရှောင်ရှောင်းရဲ့မျက်နှာကညိုးငယ်သွားသည်။

"ဒါပေမဲ့. ရှောင်ရှောင်းပိုင်တဲ့ကားက သေးသေးလေး
ဒီကားကျတော့ အကြီးကြီးပဲ "

လက်တစ်ဖက်က ချောကလက်လေးကိုင်ထားလျက် ရှောင်ရှောင်းက ကားတံခါးမှာ ဗိုက်ကလေးဖြင့်ကပ်ကာ အထဲကိုကုန်းပြီး ကားဆိုဖာအားလက်ဖြင့် ထိကြည့်လိုက်တယ်။ ပြောင်ပြောင်လေးနဲ့ အိနေတဲ့ ဆိုဖာလေးကို ရှောင်ရှောင်းက လက်လေးနဲ့ဖိကြည့်ပြီး
ရယ်နေသည်။

"ပျော့စိပျော့စိလေး.. ဟီး.."

ကားရှေ့မှန်လေးမှာ တွဲလောင်းလေးချိတ်ထားတဲ့ သော့ချိတ်လေးကို ရှောင်ရှောင်းမြင်သွားပြန်တော့ ထိုသော့ချိတ်လေးအား မှီအောင် လက်ဆန့်လိုက်တယ်။
Banana ပုံသော့ချိတ်အ၀ါလေးက ရှောင်ရှောင်း
မျက်လုံးထဲ ချစ်ဖို့ကောင်းနေသည်။

  "မှီ. တော့..မယ်..  အ့.. "

သော့ချိတ်လေးကို ကိုင်ကြည့်ဖို့ မှီခါနီးလေးမှာ သူ့အင်္ကျီဂုတ်ကို လှမ်းဆွဲထားသည်ကြောင် ရှောင်ရှောင်းလန့်သွားသည်။ လန့်သွားတာနဲ့ လက်တစ်ဖက်မှာ ကိုင်ထားတဲ့ ချောကလက်လေးက ကားအထဲထဲကို ပြုတ်ကျသွားတယ်။

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now