W H O ( 11 )

1.9K 206 12
                                    

ယုန်နားရွက်ဘီးကုပ်ကလေးဝတ်ထားတဲ့ ရှောင်ရှောင်းက လက်ထဲတွင် ရေသန့်ဗူးကို ကိုင်၍ ပြေးလာပြီး တစ်နေရာ
အရောက်တွင် ရပ်လိုက်သည်။ လက်ကိုဆန့်၍။

" ဦးလေးကြီး... ရော့.. "

သရဲအိမ် လက်မှတ်အ၀ယ်ကောင်တာဘေးက ခုံတန်းတွင် ထိုင်ပြီး..အမောဖြေနေတဲ့ ဦးလေးကြီးကို ရှောင်ရှောင်း
ရေသန့်ဗူးလေး ကမ်းပေးနေသည်။ ဦးလေးကြီးရိပေါ်ကတော့
သူ့ကိုမကြည့်ပဲ ရေဗူးကိုသာလှမ်းယူပြီးသောက်နေသည်မို့
ဘေးတွင်ဝင်ထိုင်လိုက်တယ်။

သရဲအိမ်ထဲမှာ အရမ်းအော်ဟစ်နေခဲ့တဲ့ ဦးလေးကြီး က
အခုလို ရေတွေ အရမ်းသောက်နေပုံရတော့ ရှောင်ရှောင်း
ဟူး.. ဆိုပြီး သက်ပြင်းချမိသည်။ ရှောင်ရှောင်းလည်း သရဲ
ကြောက်ပေမယ့် ဦးလေးကြီး ရိပေါ်ကြောင့် ကြောက်တယ်
ဆိုတာဘာမှန်းတောင်မသိလိုက်ရဘူးလေ။

" ဦးလေးကြီး အဆင်ပြေရဲ့လားဟင်"

ရေဗူးအဖုံးကိုပိတ်၍ ရိပေါ် ချောင်းတစ်ချက်ဟန့်ကာ ဘာမှမဖြစ်သလိုပုံဖြင့် ရှောင်ရှောင်းကို ကြည့်ပြီးပြန်ဖြေသည်။

" ပြေပါတယ်.."

"အစတည်းကပြောပါလား
ဦးလေးကြီး.. သရဲ ကြောက်တယ်ဆိုရင် ရှောင်ရှောင်း
အထဲ ၀င်ဖို့ မပူဆာပဲ နေမှာပေါ့ "

မျက်နှာထားတည်တည်နှင့်ပြောနေသည့် ရှောင်ရှောင်းက
အခုလိုကျ လူကြီးလေးနဲ့ တူနေပြီး ရိပေါ်ကတော့ ရှက်မြဲ
သာရှက်နေရတယ်။ ဂုတ်ထောက်နေသည့် ဆံပင်အောက်ထဲ
လက်ဖြင့် ပွတ်၍.. ။

" သရဲအိမ်ထဲ မ၀င်တာကြာလို့ လန့်သွားရုံပါ
တကယ် မကြောက်ပါဘူး "

မရှက်လို့ကလည်းမရဘူးလေ။ ရှောင်ရှောင်းတောင် သရဲအိမ်ထဲမှာ အသံမထွက်တာကို သူ့မှာတော့ ရှောင်ရှောင်း
ကို အသားကုန်ဖက်ပြီး အာခေါင်ကွဲမတက် အော်ဟစ်ခဲ့
မိတာကိုး။ အားကိုးချင်စရာimage က သရဲအိမ်ထဲ ရောက်
ရောက်ခြင်း ပျက်ကျသွားတာကို ရိပေါ်ယူကြုံးမရဖြစ်
နေရတယ်။

ရေသောက်အမောဖြေပြီးလို့ လက်ထဲကရေဗူးကို ရှောင်ရှောင်းဆီပြန်ပေးဖို့ လုပ်တော့မှဒီရေသန့်ဗူးကို ဘယ်က
နေယူလာတာလဲဆိုတာကို ရိပေါ်သိချင်စိတ်ပေါ်လာတယ်။

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now