W H O ( 19 )

1.4K 143 23
                                    

" ဦး ဦးလေးကြီး "

" ရှောင်ရှောင်း အသက်ရူကျပ်တယ် "

ရှောင်ရှောင်း ပြောလာမှ ရိပေါ် ရင်ခွင်ထဲထည့်ဖက်ထားမိ
သည့် ကိုယ်လေးကို လွှတ်ပေးလိုက်ရသည်။ ရင်ထဲနာနာကျင်
ကျင်ခံစားနေသည့်တိုင်အောင် ရှောင်ရှောင်းရဲ့ အပြစ်ကင်း
ကင်း မျက်နှာလေးကိုကြည့်ပြီး ရိပေါ်ပြုံးနေဆဲပင်။

တစ်ဘ၀လုံးမျှော်နေခဲ့ရတဲ့လူက သူ့ဆီကို ပြန်လာပါ
ဦးမလား။သူ့ကိုရော မှတ်မိနေပါ့မလား။

ကိုယ့်ကိုမှတ်မိနေပါ့မလားတောင် မသေချာတဲ့ကောကော
နှင့် သူ့ဘေးမှာ ရှိနေပေးမယ့် ရှောင်ရှောင်း... ဘယ်လိုပုံစံ
အချစ်ကို ရွေးချယ်နိုင်မလဲ။

" ရှောင်ရှောင်း "

" ဟင်..."

" ရှောင်ရှောင်း ငါ့ကို ချစ်လား "

" အင်း ရှောင်ရှောင်း ဦးလေးကြီးရိပေါ်ကို ချစ်တယ် "

မဆိုင်းမတွ ချက်ချင်းဖြေပေးတဲ့ ရှောင်ရှောင်းကြောင့် ရိပေါ်
စိတ်ထဲ နေလို့မကောင်းသည့် အတွေးတွေကို ပျောက်သွား
စေတယ်။ ခေါင်းကို လှမ်းကိုင်ပြီး ဆံပင်လေးတွေကို ဖွတော့
မျက်လုံးလေးမှိတ်ပြီး ပြုံးပြနေပြန်သည်။

အပြုံးလေးနဲ့အတူတူ သိသိသာသာမြင်နေရတဲ့ မှဲ့နက်ကလေးကြောင့် ရိပေါ် အတွေးထဲက ကောကောရဲ့
ပုံစံလေးကိုမြင်ယောင်လာသည်။ အဲဒီ့နေ့က သူသာ ကောကောရဲ့ကားနောက်ကိုပြေးလိုက်နိုင်ခဲ့ရင်.ကောကောရဲ့ နာမည်လေး ဖြစ်ဖြစ် သိခဲ့ရရင် အခုလောက်ထိ သူ့ဆီကနေ
ပုန်းရှောင်နေမှာ မဟုတ်ဘူး။

" ကောကော ကတော့ ငါ့ကို မချစ်ဘူးထင်တယ်နော်
အဲတာကြောင့်လည်း ရှာမတွေ့တာဖြစ်မယ် "

ရှောင်ရှောင်းရှေ့မှာပင် ရှောင်ရှောင်း၏ မျက်နှာလေးကို ကြည့်
ရင်း ရိပေါ် မျက်ရည်တို့ စတင်စုဝေးလာပြီ။ တော်ရုံဘယ်သူ့
ရှေ့တွင်မှ မငိုဖူးတဲ့ သူက ရှောင်ရှောင်း ရှေ့တွင်တော့
စိတ်လွတ်လက်လွတ် ငိုပစ်ချင်နေသည်။ သူ့စိတ်ထဲ ရှောင်ရှောင်း က သက်တောင့်သက်သာရှိပြီး နွေးထွေးတဲ့အပြင် သူ့ကို ရယ်အောင်လည်းလုပ်နိုင်တယ်။
ဒါကြောင့်လည်း သူနှင့် မလိုက်ဖက်စွာ မျက်ရည်ကျသည့်
ပုံစံကို ရှောင်ရှောင်းရှေ့ ပြနိုင်ခဲ့ခြင်းပင်။

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now