W H O ( 16 )

2.5K 206 33
                                    

 "  ဒီနေ့ အလုပ်ပြန်တာစောလှချည်လား"

"  ဟုတ် "

ပစ္စည်းအချို့ကိုသယ်ပြီး ပြန်လာချိန်မှာ.ကိုကို့ကို အပ်ထားခဲ့
နေကြ အန်တီ က အိမ်ထဲမှထွက်လာပြီးမေးတော့ ရှောင်းကျန့် ခေါင်းညိတ်၍  တိတ်တဆိတ်ပဲ ဆက်သွားသည်။ အခုစိတ်
အခြေနေက ဘာစကားတစ်ခွန်းမှ မပြောချင်၊ မလုပ်ချင်ပဲ..
တစ်ယောက်တည်း ဆိတ်ငြိမ်စွာအနားယူချင်နေသည်။

အကြိမ်ကြိမ်စဉ်းစားခဲ့တဲ့ အတိုင်းအလုပ်ထွက်ဖြစ်သွားပြီ။
စိတ်လည်း နည်းနည်းလေးမှမပေါ့ပါးသွားဘူး။ တံခါးဖွင့်ပြီးလို့
အထဲရောက်တာနဲ့ စားပွဲပုလေးပေါ် ပစ္စည်းတွေတင်ကာ
လူကိုယ်တိုင်လည်း တင်ပျဉ်ခွေထိုင်ချလိုက်သည်။

စားပွဲပေါ် လက်တစ်ဖက်ဆန့်ကာတင်ပြီး ထိုလက်ပေါ်တွင်
မျက်နှာကို မှောက်၍ နေနေ၏။အလုပ်ထွက်ချင်တယ်ဆိုပြီး
ခဏခဏတွေးခဲ့သလို အခုထွက်ဖြစ်ပြီးပြီကို ဘာကြောင့် စိတ်မကောင်းဖြစ်နေရတာလဲ။

ဒါမှမဟုတ် ဓာတ်လှေကားမပိတ်ခင်မှာ နောက်ဆုံးမြင်တွေ့
လိုက်ရတဲ့ ချန်းမင်ဟန်ရဲ့ မျက်နှာကြောင့်လား။
ဟုတ်မယ်နဲ့တူပါတယ်.. မျက်လုံးတွေကိုမှိတ်လိုက်တဲ့အချိန်
မှောင်မဲသွားရာမှ တစ်ဖြည်းဖြည်းနဲ့ အဲ့ဒီ့လူကို မြင်ယောင်
လာတယ်။ ဒါက ဘာကို ရည်ညွှန်းနေပါသလဲဆိုတာ သိပေမယ့် ရှောင်းကျန့်ကတော့ ငြင်းဆန်လိုက်ပါတယ်။

ပျော်ရွှင်ရမယ်ဆိုပြီး အဆုံးထိဆက်သွားဖို့ရွေးချယ်လိုက်မိ
တဲ့ လမ်းက သူ့ကို လေးပင်သောခံစားချက်တစ်ခုကိုသာပေး
စွမ်းသည်။ ဖြစ်နိုင်ရင် သူ့ ကိုကို လိုမျိုး ဘာအတွေးမှမရှိပဲ
ပျော်ရွှင်ချင်မိပါတယ်။

အိတ်ကပ်ထဲက ဖုန်း၏ တုန်ခါသံကြောင့်မှောက်အိပ်နေသည်
မှ ထ၍ ဖုန်းကိုင်လိုက်တယ်။ တစ်ခါမှမမြင်ဖူးတဲ့ နံပါတ်ဆို
ပေမဲ့. ..ဖြေဆိုသည်။

ဖုန်းခေါ်သည့်အသံပိုင်ရှင်က ကိုကိုဖြစ်နေတော့ စိတ်ညစ်နေ
တဲ့ အချိန်မှာပင် ရှောင်းကျန့် ပြုံးမိသည်။

   "ကိုကို..ဘယ်ကဖုန်းနဲ့ဆက်နေတာလဲ."

  "ဦးလေးကြီးရဲ့ တယ်လီဖုန်းနဲ့ ဆက်တာ..
  ရှောင်းကျန့်လေးကို များများကြီး သတိရလို့ "

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now