W H O ( 20 )

1.4K 122 15
                                    

သူ့လက်ကို ဆွဲထားသည့် ချန်းမင်ဟန်ရဲ့ လက်ကို နောက်မှ လိုက်လာနေရင်း ရှောင်းကျန့် ကြည့်နေမိပါသည်။
ပင်ပန်းနေတာကြောင့်ဖြစ်မည်ထင် ဒီလူဆီကနေ ရုန်းမထွက်
ချင်ဘဲ ဒီအတိုင်း လိုက်သွားဖို့သာ စိတ်ရှိသည်။ ထူးထူးဆန်း
ဆန်းပဲ ချန်းမင်ဟန် သူ့လက်ကို ဆုပ်ကိုင်ထားချိန်မှာ အားကိုးရှိတယ်ဆိုတဲ့ အသိကြောင့် သူ့စိတ်ကို ပျော်စေသည်။

ဒါကလည်း ခဏမျှသာ။ ချန်းမင်ဟန် ဆီမှာ သူပျော်ဝင်လို့မ
ဖြစ်တဲ့ အကြောင်းအရာတွေလည်းရှိနေတယ်ဆိုတာ ပြန်သတိ
ဝင်ဝင်လာခြင်း တွေးမိသည်။

တောက်လျှောက်ငြိမ်လာရာကနေ လက်ကို ပြန်ဆွဲယူနေ
တဲ့ ရှောင်းကျန့် ကို ချန်းမင်ဟန်က လှည့်မကြည့် သလို
လွှတ်လည်း မပေးခဲ့ချေ။ကိုင်ထားသော လက်ကို ပိုမိုအားထည့်ကိုင်လျှက် ဘယ်တော့မှစကားနားထောင်မှာ
မဟုတ်တဲ့ ကောင်လေးကို သူ့ကားရပ်ထားတဲ့နေရာဆီ
ဆွဲခေါ်လာခဲ့ပါတော့၏။

ကားနောက်ခန်းတံခါးကိုဖွင့်၍ ရှောင်းကျန့်ကို ၀င်ခိုင်းပြီး
သူကိုယ်တိုင်ပါအထဲဝင်သည်။ ချန်းမင်ဟန် က သူ့ ခေါ်လာ
တဲ့ ကောင်လေးရဲ့ နွမ်းလျနေတဲ့ မျက်နှာနဲ့ နောက်ဆုံးနီးနီး
ကပ်ကပ်တွေ့ချိန်တုန်းကထက် ပို ပိန်သွားတဲ့ ခန္ဓာကိုယ် ကို
ကြည့်နေပြီး..သက်ပြင်းချသည်။

" ကိုယ့်ဆီကနေ အလုပ်ထွက်ပြီး ဒီလို ဆိုင်တွေမှာ
အလုပ်လုပ်ဖို့ မင်းတကယ်ရွေးချယ်ခဲ့တာလား "

ရှေ့တည့်တည့်သို့သာ ကြည့်နေပြီး ရှောင်းကျန့်မျက်နှာမှာ
ဘာခံစားမူမှ မရှိသည့်အလား အေးစက်စွာ ဖြေသည်။ မျက်နှာ
နဲ့ မတူညီတဲ့ အတွင်းစိတ်ထဲမှာတော့ မတည်ငြိမ်နိုင်သည်က
ပေါင်ပေါ်တင်ထားတဲ့ လက်သီးဆုပ်တွေ နီမြန်းသထက်နီ
အောင် နေသည်မှ သိနိုင်၏။

" ဒါက ကျွန်တော့် ကိုယ်ရေးကိုယ်တာကိစ္စပါ
CEO နဲ့ ကျွန်တော်က ဘာမှမသက်ဆိုင်တော့လို့
ကျွန်တော့် အလုပ်နဲ့ ပတ်သတ်ပြီး ဘာမှမပြောပါနဲ့ "

သူ့ကို ကြည့်ဖို့နေနေသာသာ မျက်လုံးတွေက လှုပ်ရှားခြင်း
မရှိ ငြိမ်ပြီး အသက်ငွေ့မရှိသလိုနေရတဲ့အထိ ရှောင်းကျန့် က
သူ့အား မုန်းတီးနေလေသလားလို့ တွေးမိတော့ စိတ်မကောင်းဖြစ်နေရတာက ချန်းမင်ဟန်ပင်။

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now