W H O (9)

2.3K 253 12
                                    

ယုန်အရုပ်ရဲ့  နားရွက်လေးတွေကို ချည်လိုက် ဖြည်လိုက်ဖြင့်
လုပ်ပြီး စကားမပြောပဲ နေနေတဲ့ ကိုကို့ ကို ရှောင်းကျန့်
သက်ပြင်းချပြီး ထိုင်ကြည့်နေတယ်။ ရှေ့တွင် စားပွဲခုံသာခြား
ပြီး အမြဲစကားပြောနေကျ သူတို့ညီအစ်ကိုနှစ်ယောက် စလုံး တိတ်ဆိတ်နေကြသည်။

အရုပ်ကို ဆော့နေရင်း ရှောင်ရှောင်း ကလည်း သူ့ညီလေး
ကို ခိုးကြည့်လိုက် ခေါင်းကိုငုံ့နေလိုက်နှင့်.မျက်နှာကလေး
မှာလည်း ၀မ်းနည်းရိပ်သန်းနေသည်။

" ကိုကို"

"အင်း.. "

"ကျွန်တော့်ကို မကြည့်တော့ဘူးလား "

ရှောင်းကျန့်လေးက ပြောနေတော့ ခေါင်းကို ဖြေးဖြေးချင်း မော့ ပြီး ကြည့်သည်။

"အဲ့ဒီ့လူကို တကယ်ပဲ သူငယ်ချင်းလုပ်ချင်လို့လား
  မကောင်းတဲ့လူဖြစ်နေရင် ဘယ်လိုလုပ်မလဲ "

" ဦးလေးကြီးက  မကောင်းတဲ့လူ မဟုတ်ပါဘူး
သဘောလည်းကောင်းတယ်၊ ရှောင်ရှောင်းကို
ဂရုစိုက်တယ်။ ရှောင်ရှောင်းလည်း ဦးလေးကြီးရိပေါ်
ကို သဘောကျတာကို.."

မ၀ံ့မရဲလေးဖြေပြီး..မျက်လုံးကို တခြားတစ်နေရာလွှဲထားတဲ့။ ကိုကို့် ကို ကြည့်ရင်း ရှောင်းကျန့် ရယ်မိတယ်။ တကယ်ကို
ဘယ်သူက အငယ်မှန်းမသိလောက်အောင် ကိုကိုက ချစ်ဖို့
ကောင်းလွန်းတယ်။ ဒါကြောင့် လူတိုင်းက ကိုကို့ ကိုဆို
ချစ်ကြတာ။

" ကျွန်တော်နဲ့ အဲ့လူဆိုရင် ကိုကို ဘယ်သူ့ကိုရွေးမှာလဲ "

ရှောင်းကျန့်လေးဆူမှာစိုးလို့ အရိပ်အကဲကြည့်နေရင်းကနေ
မေးတဲ့ မေးခွန်းကို ရှောင်ရှောင်း မတွေမဝေ၊ စဉ်းစားစရာကို
မလိုပဲ ပြောလိုက်တယ်။

" ရှောင်းကျန့်လေးပဲ.. ရှောင်ရှောင်းက ညီလေးကိုပဲ ရွေးမှာပေါ့ "

" ဒါဆိုလည်း.. ပြီးရော  အဲ့ဒီ့လူနဲ့သူငယ်ချင်း
လုပ်ချင်လုပ်လေ။  ဒါပေမဲ့.ဘယ်သွားလဲ ဘာလုပ်လဲ ဆိုတာ ကျွန်တော့်ကိုပြောပြရမယ်နော်"

"အင်း..အင်း ရှောင်းရှောင်း ညီလေးကို အကုန်ပြောပြမယ်"

စားပွဲခုံ ခြားနေသည်ကို ရှောင်းကျန့် က လက်ကိုဆန့်တန်း
တော့.. ကိုကို က အလိုက်သိစွာ ခေါင်းလေးအားရှေ့ကိုတိုးပြီး
ချစ်စရာကောင်းအောင်နေသည်။ကိုကို့ ရဲ့ ဆံပင် ပျော့ပျော့လေးတွေကို ရှောင်းကျန့် ငြင်ငြင်သာသာလေး
ဖွလိုက်၏။

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now