W H O ( 24 )

1.4K 135 40
                                    


   ကားထဲကနေ ရယ်ပြုံးပြီးထွက်လာတဲ့ ရိပေါ်ကို ဝမ်ရှီးရှီး မျက်နှာကို ရှုံ့မဲ့ကာ ကြည့်နေသည်။ ခါတိုင်းရက်တွေဆို ရှောင်ရှောင်း ကို အိမ်ပြန်ပို့လိုက်ရလို့ ဆိုပြီး တစ်နေကုန်အတူတူရှိနေ
သည်တောင်အားမရဘဲ မျက်နှာက မကြည်သာခဲ့။ ဒီနေ့ကျမှ
ရိပေါ်က ဘယ်လိုလုပ်ဒီလောက် အူမြူးနေလဲဆိုတာကို သိချင်
လာတယ်။

လှေကားကနေ ဆင်းလာပြီး ဝမ်ရှီးရှီးက အိမ်ထဲ မြောက်ကြွကြွ
နဲ့ဝင်လာတဲ့ ရိပေါ်ကို လှမ်းခေါ်သည်။ သူခေါ်ရင် မျက်နှာလွှဲသွား
ပြီး စနောက်တတ်တဲ့ ကောင်လေးက အခုတော့ သူ့ဆီ အပြေး
ရောက်လာပြီး။

"ကျဲ...ပြန်ရောက်တာနဲ့အတော်ပဲ
ကျွန်တော် ပြောပြစရာ သတင်းကောင်းရှိတယ်"

"အလန့်တကြားပါလား ဘာသတင်းလဲ"

ရိပေါ် အရင်ဆုံးအသက်ကို ဝဝရှုပြီးမှ ဝမ်ရှီးရှီးရဲ့ လက်တို
အားရဝမ်းသာစွာဆုပ်ကိုင်ထားလျှက် ပြောပြလိုက်ပါသည်။

"ကောကော..ကျွန်တော် ကောကောကိုရှာတွေ့ပြီ ကျဲ
အခု ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့ လက်တွေအေးစက်
နေတာ သိလား."

ဝမ်ရှီးရှီးရဲ့ မျက်ဝန်းတွေဟာလည်း ကျယ်ပြန့်လာပြီး ရိပေါ်
ရဲ့ ပျော်ရွှင်နေသည့် မျက်နှာကို စေ့စေ့ကြည့်ကာ ။

" ကောကောဆိုတာက ဟိုကလေး မဟုတ်လား
ဘယ်လိုလုပ် တွေ့တာလဲ"

" အဝေးကြီးမဟုတ်ဘူးကျဲ... နီးနီးလေးရှိနေခဲ့တာ
ဒီလောက်ထိ နီးခဲ့တာကို ကျွန်တော် မသိခဲ့ဘူး
ကောကော က ရှောင်ရှောင်းရဲ့. ..အမွှာညီဖြစ်နေတယ်
ဒီနေ့ပဲ ကျွန်တော်ရှာတွေ့ခဲ့တာ ကျဲရဲ့ "

ရိပေါ် ရဲ့ အပျော်ထဲတွင် မျက်ရည်တို့ပါဝင်နေပြီး သူ၏ အမဖြစ်
သူကို ပြောနေရင်း ကောကော နဲ့ စတင်တွေ့ခဲ့တဲ့ အချိန်တွေကို
မြင်ယောင်နေသည်။ အကိုဖြစ်သူကို အထိမခံတဲ့ စိတ်ဆတ်ဆတ်
လူက သူ့ရဲ့ အချစ်ဦးလေးတဲ့လေ။ မသိခဲ့ဘဲ ကောကော အပေါ်
သူ့ဘက်က အများကြီး မချေမငံပြောဆိုမိခဲ့သေးတယ်။ဘယ်
လောက်တောင် တုံးအလိုက်သလဲ။

"ကောကောက ကျွန်တော် သိမ်းထားတဲ့ Camera ကို
သူ့ပစ္စည်းဆိုတာ မှတ်မိနေတယ် ကျွန်တော်ထင်ပါတယ်
ခဏတာလေး တွေ့လိုက်ရပေမယ့် ကောကော မှတ်မိနေ
ဦးမှာပါလို့ "

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now