W H O ( 23 )

1.4K 147 29
                                    

   တံခါးဖွင့်ပြီး အထဲဝင်လာတဲ့ ခြေသံကြောင့် ရှောင်းကျန့်
က cameraကိုကိုင်ထားလျှက် နောက်သို့ လှည့်ကြည့်
လိုက်သည်။ အထဲဝင်လာတဲ့ ၀မ်ရိပေါ် က  သူ့ကိုကြည့်လိုက်
cameraကို ကြည့်လိုက်နှင့် ရပ်နေသည်။ ရှောင်းကျန့်
လည်း ရုတ်တရက်ဆိုတော့ ဘာပြောလို့ပြောရမှန်းမသိ
ဖြစ်ပြီး မျက်လုံးချင်းဆုံလျှက်။

"ဘာလို့ ကျွန်တော့်ပစ္စည်းတွေလျှောက်ကိုင်နေတာလဲ"

"အာ..တောင်းပန်ပါတယ်
ဒါနဲ့..ဒီcameraက ၀မ်ရိပေါ်ရဲ့ ပစ္စည်းလား"

ရှောင်ရှောင်းတောင် မကိုင်ကြည့်မစပ်စုဖူးတဲ့ ပစ္စည်းကို ဒီနေ့မှ အိမ်ကို စရောက်လာတဲ့လူရဲ့ လက်ထဲမှာမြင်ရတာ
ဒေါသထွက်ချင်စရာကောင်းလွန်းတယ်။ ရိပေါ် အမုန်းဆုံးက သူ့အခန်းထဲပစ္စည်းတွေကို သူ့ခွင့်ပြုချက်မရှိဘဲ ထိတာပဲ။

"အဲ့တာ ခင်ဗျားသိစရာမလိုပါဘူး "

"သိရမှဖြစ်မှာ ဒီcameraက ၀မ်ရိပေါ်ပစ္စည်း မဟုတ်ဘူး
မလား ပြောပါ.."

သူ့ပစ္စည်း မဟုတ်ကြောင်း အသေချာသိနေသလိုဖြင့်ပြောနေ
တဲ့ ရှောင်းကျန့်ကို ရိပေါ်မျက်မှောင်ကြုံ့၍ ကြည့်သည်။
ရုတ်တရက် ဒေါသထွက်ဖို့ထက် ဘာလို့ ဒီလိုတွေပြောနေ
သလဲဆိုတာကို ပိုသိချင်လာတယ်။

"ဘယ်လိုလုပ်သိတာလဲ ကျွန်တော့်ပစ္စည်းမဟုတ်ဘူးဆိုတာ"

ရှောင်းကျန့်က သူ့လက်ထဲက cameraကို ရင်ခွင်ထဲ ထည့်ပိုက်၍ မျက်လုံးတွေကိုမှိတ်ထားသည်။ အဖေ ပေးခဲ့တဲ့
နောက်ဆုံးလက်ဆောင်ဆိုရင် မမှားတဲ့ ပစ္စည်းလေးဖြစ်သလို
သူ့အတွက် အဓိပ္ပာယ်တွေလည်း အများကြီးရှိနေတယ်။

"တကယ်ကံကောင်းတာပဲ တစ်သက်လုံးပြန်မရနိုင်တော့
ဘူးလို့ထင်ထားတာ.."

Cameraကို ပွေ့ပိုက်ထားပြီး တစ်ယောက်တည်း စကားတွေပြောနေတဲ့ ရှောင်းကျန့်ကို နားမလည်နိုင်စွာဖြင့်
ရိပေါ် ရပ်ကြည့်နေသည်။ မသိရင် ဒီcameraက ရှောင်းကျန့် ဆိုတဲ့ လူရဲ့ အပိုင်လိုမျိုး။

" ကျွန်တော့် ပစ္စည်းပါ နှစ်တွေအကြာကြီး
  ပျောက်နေခဲ့တဲ့..ကျွန်တော်အချစ်ရဆုံးပစ္စည်းလေး
ဝမ်ရိပေါ် ဒါကို သိမ်းထားပေးလို့ ကျေးဇူးတင်ပါတယ်"

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now