W H O ( 18 )

1.4K 152 24
                                    

ဝမ်ရိပေါ်က နေ့လည်စာကျွေးချင်တယ်ဆိုလို့ ရှောင်းကျန့်
လည်း ငြင်းမရတာနဲ့ ကိုကိုနဲ့အတူတူ လိုက်လာရသည်။
Hotpot စားချင်တဲ့ ကိုကို့ သဘောအတိုင်း ရွေးချယ်ပြီး
သည့်အခါ ဟင်းရည်ကို အချိုပဲမှာဖို့ ပြောလိုက်၏။

စားချင်သမျှ အကုန်ယူချလာသည့် ကိုကိုနှင့် ကိုကို့်ကို လိုက်
ထိန်းနေတဲ့ ၀မ်ရိပေါ်ကို ကြည့်ရင်း ရှောင်းကျန့်စိတ်ထဲ ကြည်
လင်လာသည်။

ယူလာသမျှ စားစရာတွေက အသားတွေထက် ပုစွန် က ပိုများနေသည်။ ကိုကိုက ပုစွန်စားရတာကိုအရမ်းကြိုက်တော့
အခုလည်း စိတ်ကြိုက်ကို ယူလာလေတယ်။

"ပုစွန်တွေ ဆိုင်မှာ ရှိရောရှိသေးရဲ့လား
ကိုကို ယူလာတာနဲ့ ကုန်ပြီထင်တယ် "

"ဟွန့်...ရှောင်ရှောင်း က အများကြီး ဟောဒီလောက်ကြီး
စားပစ်မှာ။ ဦးလေးကြီးကပြောတယ် ဗိုက်တင်း
အောင် စားလို့ရတယ်တဲ့..နော် ဦးလေးကြီးရိပေါ် "

" ဒါပေါ့..ရှောင်ရှောင်းစိတ်ကြိုက်စား "

ပျော်ရွှင်နေတဲ့ ကိုကိုက မျက်လုံးလေးတွေမှေးသည်
အထိ ရယ်မောပြီး ရှောင်းကျန့်ဆီကိုပါ အပြုံး တို့ ကူးစက်စေ
သည်။ ကိုကို့ဘေးတွင်ရှိနေသည့် ၀မ်ရိပေါ်ကိုပါကြည့်မိချိန်
မျက်လုံးချင်း ဆုံသွားသည့်အခါ အရင်လို ရှောင်းကျန့် မျက်နှာ
မလွှဲတော့ဘဲ ပြုံးပြလိုက်ပါတော့သည်။

မြင်ရခဲသည့် အပြုံးကို အေးစက်စက်လူဆီမှ မြင်ရတော့
ရိပေါ် နေရခက်စွာဖြင့် ပြန်ပြုံးပြလိုက်၏။ လူမူဆက်ဆံရေး
မကောင်းတဲ့လူဆိုတဲ့ အတွေး ကိုတော့ ရိပေါ် စိတ်ထဲမှ ဖယ်
ထုတ်ပေးလိုက်တော့သည်။ အမှန်ဆို ရှောင်ရှောင်းကို သွား
ခေါ်တုန်းက အခုလို ရှောင်းကျန့်ပါ လိုက်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး။ဘာလို့ဆို ရှောင်းကျန့်က သူ့ကို သိပ်ပြီး သဘော
မကျဘူးလို့ ထင်နေခဲ့သည်ကြောင့်လေ။

ဒီနေ့မှာတော့ ရှောင်းကျန့် ကလည်း သူ့ကို မုန်းနေတာတော့ မဟုတ်မှန်း သေချာသိလိုက်ရပါပြီ။

အားပါးတရစားနေတဲ့ ရှောင်ရှောင်းနှင့် ရှောင်းရှောင်း
ပန်းကန်ထဲ ပုစွန် အခွံ ခွာပြီး ထည့်ပေးနေတဲ့ ၀မ်ရိပေါ်မှာ
လက်မလည်အောင်အလုပ်များနေပါသည်။

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now