W H O ( 22 )

1.1K 137 22
                                    

" ဦးလေးကြီး... ရှောင်ရှောင်းပြုတ်ကျတော့မယ်"

ပြုတ်ကျတော့မယ်ဆိုပြီးသာပြောတာ ဒန်းမြင့်မြင့် လွှဲပေး
လိုက်တိုင်း ရယ်သံလွင်လွင်ကလေးက မပါမဖြစ်။ရှောင်ရှောင်း
ကို ဒန်းလွှဲပေးရင်း ရိပေါ် သူ့ဘေးကိုကြည့်တော့ ကလေး
၃ ၄ယောက်နှင့် ကလေးအမေတွေလို့ထင်ရတဲ့ သူတွေလည်း
ရှိနေသည်။

  "ဒန်းစီးနေတာကြာလှပြီ မပြီးသေးဘူးလား"

"အခြားနေရာမှာ စီးကြပေါ့ မပြီးသေးတာ မြင်တယ်မဟုတ်ဘူးလား "

ရှောင်ရှောင်းကို ဒန်းလွှဲပေးရင်း ရိပေါ်က သူ့ကို လေသံမာမာနှင့် လာပြောတဲ့ ကလေးအမေကို တစ်ပုံစံတည်း
ပြန်ပြောပေးလိုက်သည်။

"ကလေးလည်းမဟုတ်တဲ့ ကြီးကောင်ကြီးမားတွေက
  ကလေးတွေ ကစားတဲ့နေရာကို လာလုနေတာ
  မြင်လို့ကို မကောင်းဘူး "

ဒန်းပေါ်ကနေ လှည့်ကြည့်သည့် ရှောင်ရှောင်း က ထိုအန်တီ
ပြောတဲ့ စကားကြောင့် ဦးလေးကြီးဝမ်ရိပေါ်ရဲ့ လက်မောင်း
ကို ထိကာ တိုးတိုးလေးပြောသည်။

"ဦးလေးကြီး ရှောင်ရှောင်း ဒန်းစီးတာရပ်လိုက်တော့မယ်
ကလေးတွေ စီးရဦးမှာလေ "

ရိပေါ် က ရှောင်ရှောင်းကို ခေါင်းခါပြ၍ သူတို့ကိုပြောနေသည့်
ကလေးအမေကို တည့်တည့်စိုက်ကြည့်သည်။ရှေ့မှာတင်
ဒန်းကို သေချာလွှဲပေးရင်း ပြောလိုက်သည်က။

"ခင်ဗျားတို့ ကလေးတွေကို အခြားနေရာမှာသွားစီးခိုင်း
  အခု ကျွန်တော့် ကလေးလေး ဒန်းစီးနေတယ် "

ဒီလိုပြောလိုက်မှ သူတို့ကလေးတွေလက်ကိုဆွဲပြီး ထွက်သွားကြတော့တာပဲ။ လူကြီးဖြစ်လို့ဆိုပြီးပန်းခြံမှာ စိတ်ကြိုက်မဆော့ရဘူးလို့ ဘယ်သူပြောလဲ။ သူ့ကိုသွားလေး
တွေစေ့ပြီး ရယ်ပြနေတဲ့ ရှောင်ရှောင်း ရှေ့မှာ ရိပေါ်က
မျက်နှာကို မော်ကာဖြင့်။

" တွေ့လား ရှောင်ရှောင်း ငါနဲ့ချစ်သူဖြစ်ရတာ
  ကောင်းလား မကောင်းဘူးလား "

" ကောင်းတာပေါ့ အများကြီးကောင်းတယ်
  ဦးလေးကြီးကို ရှောင်ရှောင်း ဒီလောက်ကြီးအထိ
  ချစ်သွားပြီ"

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now