6.8K 208 13
                                    

'' သမီးလေး ဘာဖြစ်သွားသေးလဲ ထိခိုက်မိတာရှိလား ကလေး "

ဂုဏ်မေမေ့ရဲ့ စိုးရိမ်သံတွေဟာ...နွယ်လေးပေါ်မှာသာ အကဲပိုနေကာ
ခြေထောက်တဖက်အဆစ်လွဲပြီး...
တံတောင်ဆစ်ပွန်းလားသည့် သူ့အပေါ်..

တစက်ကလေးမှ စိတ်မဝင်စား....

'' မေမေတို့က မေမေသမီးကိုပဲ စိတ်ဝင်စားနော် ဟောဒီက ဒဏ်ရာတွေနဲ့ သားကိုကျတော့ မေးဖော်တောင်မရဘူး "

သူ...ရယ်ရယ်မောမောနှင့် ဝင်ပြောတော့
ပကတိ ကြည်လင်နေတဲ့ မေမေဟာ ပြုံးသည်

" သားက ဘယ်အချိန်ထိ ညီမလေးကို မနာလိုဖြစ်နေမှာလဲ ညီမလေးက ကလေးလေသားရဲ့ "

မေ့မေ ကလေးက ရည်းစားတောင်ထားတက်နေပြီဆိုတာများသိရင်..
မေမေတို့ဘယ်လိုနေမလဲမသိ....
ငယ်သူငယ်ချင်းတွေ ဖြစ်ကြသည့် မေမေတို့ကြောင့်....
သူနဲ့နွယ်လေး ငယ်စဥ်ကထဲကဘအတူကြီးလာကြတာဖြစ်သလိူ..

သမီးလေး  ထပ်ပြီးလိုချင်ခဲ့သည့်..

ဂုဏ်ဖေဖေနဲ့မေမေ လက်ပေါ်တွင်ပင် ဒီကလေးမ ကြီးပြင်းလာသည်မို့..
သမီးအရင်း နှင့်မခြား အချစ်ခံရသည်...
ဒါကြောင့်...
လိုတာမရလျှင် မေမေတို့နှင့်အမြဲပြေးတိုင်တက်သေးသည်..

သူမက အမြဲတမ်းဖော်ကောင်လုပ်ပေမဲ့...

သူကျတော့ သူမ ဘာလုပ်လုပ် လိုက်ဖုံးကွယ်ကူညီရမြဲ..

'' မေမေဇာ သမီး ဗ်ိုက်ဆာတယ် "

'' ငါ့သမီးလေး ဗိုက်ဆာလို့တဲ့ အထွေးရေ ကလေးအတွက် တခုခုပြင်ပေးပါအုန်း ''

'' ဟုတ်ကဲ့ အန်တီလေး "

မေ့မေ့လက်ကိုချိတ်ကာ ထမင်းစားခန်းဆီ ပါသွားသည့်သူမက သူ့ကို လှစ်ခနဲ ပြုံးပြခဲ့သေးရဲ့..
ဒီအိမ်ဟာ...
သူမအတွက် တော့ သူမ အိမ်လိုပင် သူမအလိုလိုက်အကြိုက်ဆောင်ကြသည်...

သူ့ထက်..သူမကို ပိုချစ်ကြသယောင်ရှိသည်ကိုလဲ..
သူတခါမှ မနာလိုမဖြစ်ခဲ့ပါ...

ဒီကောင်မလေးဟာ သူ့ ညီမလေးဟု မှတ်ယူထားသည်မို့ထင်ပါရဲ့...

..............

"သျှံထွန်း သေချာတယ်ဖေဖေ သားသူ့ကို မြင်လိုက်တဲ့အပြင်..
ကားနံပတ်ပါ မှတ်မိလိုက်တယ် သူတို့အိမ်က ကားပဲ "

မင်းမကြည့်လို့ (Completed) Where stories live. Discover now