၄၆

3.6K 112 35
                                    

" ကျမ...အလုပ်ပြန်လုပ်ချင်တယ် "

"နေရီ "

မျက်နှာသေနှင့်ပြောနေသည့်သူမကိုတားဖို့ပြင်လိုက်ပြီးမှ.....အရှိန်သတ်လိုက်ရသည်ပြောလဲ ရမည်မှမဟုတ်တာ...

" ကိုယ်..မင်းကို ကိုယ်ပိုင်စီးပွားရေးခုခုလုပ်စေချင်တယ် "

" ကျမက အောက်ခြေကမိန်းမပါ သူများဝန်ထမ်းလုပ်တာကလွဲရင်ဘာမှလုပ်တက်ဘူး တခြားအလုပ်ခုခုပြန်လျှောက်..."

" မင်းသဘောပါ....အလုပ်က ကိုယ်ခွင့်တိုင်ပေးထားတယ် အချိန်ရွေးပြန်ဝင်လို့ရတယ် "
သူမတခုခုပြောဖို့မပြင်ခင်ပင်....

သူဖျော်ထားသည့်ကော်ဖီခွက်ကို...ကိုင်ရင်းအခန်းထဲဝင်ခဲ့သည်
ရိုက်နှက်လိုက်တာခံနိုင်ပေမဲ့...
သူမလျှာဖျားကထွက်လာမဲ့စကားတွေကိုခံနိုင်ရည်မရှိပါ...

ကော်ဖီတခွက်နှင့်အလုပ်လုပ်နေတုန်း...

သူမဖုန်းဆက်နေသံကြားသည်မို့အလုပ်ပြန်ဝင်ဖို့ဆက်သွယ်နေတယ်ထင်ပါရဲ့...
အလုပ်အကြွေးတွေအခုမှပုံထပ်ကာလုပ်ရသည်မို့ တခဏ ပတ်ဝန်းကျင်ကိုမေ့လျော့ထားခဲ့မိသည်...

သူမဖုန်းကိုကြည့်ရင်းပြုံးနေတာကိုတချက်တချက်သူမြင်သော်လည်း...
သူဘာများပြောနိုငိမှာမို့လို့လဲ....

သူဘေးကထွက်မသွားတာနဲ့တင်ကျေနပ်ရမဲ့အနေအထားမဟုတ်လားဘာတွေကများနာကျဥ်းစဖွယ်ဖြစ်ခဲ့လေသလဲ....
မသိပေမဲ့....

သူမအနားမှာအနီးကပ်နေရသည့်ပြစ်ဒဏ်တွေမို့သူကျေနပ်သည်..

တခါတရံ လက်လွှတ်ချင်လာတဲ့နေ့ရက်တွေရှိခဲ့တယ်.......

ဒီထက်ပိုပြီး...ရက်စက်တော့ဖို့ကောင်းပါဘူး နေရီရယ်

..........................................................

ဒီနေ့ဟာ နားရက်ဖြစ်တာမို့.....
သူ့ရင်ခွင်ထဲကွေးကွေးလေးအိပ်ပျော်နေသည့်နွယ်လေးနားကအသာထကာ..

မင်းမကြည့်လို့ (Completed) Where stories live. Discover now