၃၄

2.8K 124 51
                                    

မင်းတိမ်လွှာ တစ်ယောက်.....

သတိပြန်လည်မလာသေးတာကလွဲရင်...
အရာရာဟာအသားကျစပြုလာသည်ထင်ပါရဲ့....
ကိုသူရိန်ဟာ....အချိန်ပြည့်အလုပ်တွေရှုပ်ရင်း...ဆေးရုံပြေးရင်းနှင့်ပင်အချိန်ကုန်နေတက်သည်....
သူမလဲ အိမ်မှာတယောက်ထဲနေရသည်ကိုပင်အထီးကျန်သည်ဟုတွေးချိန်ပင်မရပါ...
သူအနားမှာရှိနေလေ....နေရီအတွက်ကနာကျင်ရလေမဟုတ်လား...

" နေရီ "

မီးဖိုထဲတွင်အလုပ်ရှုပ်နေသည့်သူမနောက်ကနေခါးကိုဖက်ကာပခုံးပေါ်မေးတင်ရင်းရုတ်တရက်ရောက်လာသည့်သူရိန်...

" ဘာတွေချက်နေတာလဲ.မွှေးလိုက်တာကွာ "

"ဒီနေ့ဆေးရုံသွားဘူးလား "

" ကိုယ်ပင်ပန်းနေပြီ....ဒီတော့ပြည့်အဝနားချင်လို့ အိမ်ပဲပြန်လာခဲ့တာ "

" ဒါဖြင့် ခနနားပြီး....ထမင်းစားလား ဟင်းတွေကျက်နေပြီ "

" စားချင်စိတ်ရှိသေးပါဘူးကွာ ခနနားအုန်းမယ် မင်းစားနှင့်နော် "

မီးတဖက်ရေတဖက်နှင့်....
ဒီအမျိူးသားရဲ့အပြုအမူတွေမှာ ပျော်ဝငိမသွားတော့ဖို့အကြိမ်ကြိမ်သတိပေးရက်နဲ့.....

အရူးတယောက်လိုပါပဲ......

မမေ့နဲ့နေရီ...သူဟာ နင်နဲ့ပတ်သတ်ရင်နင့်ကိုမပြောနဲ့မရောက်လာသေးတဲ့ရင်သွေးလေးကိုတောင်အလိုမရှိတဲ့သူ...

အကြင်နာတရားမရှိတဲ့သူ....

ဒီရက်တွေမှာသူပင်ပန်းနေတာမြင်နေရသည်မို့သာ....
သူမ အခန်းထဲရောက်တော့သူအိပ်ပျော်နေသည်ထင်ပါရဲ့တိတ်တဆိတ်ပင်ရေချိူးခန်းထဲဝင်ခဲ့သည်...
တနေကုန်စိတ်ပင်ပန်းလူပင်ပန်းသမျှရေနှင့်ထိလိုက်မှလန်းသွားသလိုရှိပေမဲ့...
သူကိုတွေ့လိုက်ရကာမှနာကျင်မှု့ကတဆစ်ဆစ်.....

မင်းမကြည့်လို့ (Completed) Where stories live. Discover now