၁၈

3.3K 94 36
                                    

Bagan...

ပုဂံဆိုတာ...မြန်မာလူမျိူးတွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ရတနာ...

ရှေးဟောင်းယဥ်ကျေးမှု့အမွေအနှစ်တွေ..တန်ဖိုးမဖြတ်နိုင်အောင်ရှိသည့်နေရာ...

အခေါက်ပေါင်းမရေတွက်နိုင်အောင်ရောက်ခဲ့ဖူးပါသော်လည်းမရိုးနိုင်သည့်ပုဂံမြေပင်...

ယူနက်စကို(UNESCO) အသိအမှတ်ပြု ကမ္ဘာယဥ်ကျေးမှု့အမွေအနှစ်စာရင်းဝင်..
ပုဂံရှေးဟောင်းနယ်မြေ....သည်
တချိန်က တမ္မဒီပ ဟုရှေးမြန်မာမင်းများလက်ထက်ကအမည်တွင်ခဲ့သည်...

ပုဂံမှာ ကြည်နူးဖွယ်...ဝမ်းနည်းဖွယ် ဇာတ်လမ်းများစွာနှင့်အတူ....
ရှေးမြန်မာမင်း...မိဖုရား တို့တည်ထားခဲ့ကြသော စေတီပုထိုးများစွာရှိသလို..

ပုဂံဘုရားတွေဆီရောက်တိုင်း ရှေးခေတ်အငွေအသက်တွေရသလို...
တခါတရံ...ထိုခေတ်ထဲသိုပြန်ရောက်သွားသလိုပင်ခံစားရသည်မို့..သူမသဘောကျသည်...

ပုဂံမြေကိုခြေချသည်နှင့်....

ပူပူနွေးနွေးအညာလေနွေးတွေကတိုက်ခတ်ကြည်စယ်ကာကြိုဆိုတက်သေးသည်....

ပုဂံသို့လာရာလမ်းတလျှောက်တွေ့ရသည့်..ထန်းပင်တွေ....

သစ်ရိပ်ဝါးရိပ်တွေကိုလဲ သဘောကျသလို..

အညာဒေသရဲ့သ​​ေင်္ကတဖြစ်သလိုခံစားရသည်..
ဒါကြောင့်လဲ ဟန်းနီးမွန်းကို...နိုင်ငံခြားအလည်ထွက်ဖို့ထက်ပုဂံကိုသာသွားဖို့ မကြာမကြာရောက်ဖူးခဲ့ပြီးတာတောင်...ထပ်မံရွှေချယ်မိသည်ထင်ပါရဲ့....

ကျွန်မချစ်သောပုဂံမြေ..အေးချမ်းပါစေ

ထိုသို့ပြောကာပျော်ရွှင်နေသည့်..သူမကို ကြည့်ရင်း...သူဟာကျေနပ်နေပုံရသည်
အစကတော့ပုဂံကိုရွေးလို့
ရောက်ဖူးနေပြီးသားပဲဟုပြောခဲ့သေးသည်မဟုတ်လား

" ရွှေဆံတော်စေတီဟာ..အနော်ထာမင်းတည်ထားကိုးကွယ်ခဲ့တဲ့စေတီဆိုတဲ့အတွေးနဲ့တင်နော်ထာမင်းရဲ့အငွေ့အသက်တွေခံစားရသလိုပဲနော်ကိုကို "

မင်းမကြည့်လို့ (Completed) Where stories live. Discover now