၁၆

3.7K 106 28
                                    

ခေါင်းတွေနောက်နေအောင်စီစဥ်ခဲ့ရတဲ့...မင်္ဂလာပွဲ

သူမ စိတ်ကြိုက်ရွေးချယ်ခဲ့သည့်...
အဖြူရောင် Wedding Dress ကို ဝတ်ဆင်ရင်း...
အတိုင်းအဆမရှိရင်ခုန်နေခဲ့သည်.....

ဒီပွဲလေးပြီးသည်နှင့်..ကိုကိုဟာသူမခင်ပွန်းအဖြစ်...သူမထာဝရပိုင်ဆိုင်ရတော့မည်ပေါ့..
ငယ်စဥ်ကတည်းက...

သူမကြိပ်ချစ်ခဲ့ရသူ

အခုသူမချစ်သူမှသည်...

တွေးမိတိုင်းကြည်နူးရသည်.ရင်ခုန်ရသည်

အားလုံးအဆင်သင့်ဖြစ်သည့်အခါ...

ခန်းမထဲလျှောက်လှမ်းရန်စောင့်နေသည့်ကိုကိုရှိရာဆီ လှမ်းလာခဲ့သည့်သူမကိုမြင်တော့...

" နွယ်လေး....အရမ်းလှနေတဲ့ကိုယ့်သတိုးသမီးလေး "

သူမကို...ပြုံးကာကြည့်နေသည့်ကိုကိုမျက်ဝန်းတွေဟာ
ကြည်နူးရိပ်တွေအပြင်....
မျက်ရည်တွေဝဲချင်ချင်...

"ကိုကို "

" ကိုယ့်ကောင်မလေးက အရမ်းကိုလှနေတာပါကွာ "

ပြုံးနေသည့်ကြားက....

ကိုကိုဟာမျက်ရည်တွေကျလာသလား...
သူမကိုပွေ့ဖက်လိုက်သည့်သူဟာ စိတ်တွေလဲလှုပ်ရှားနေပုံရ၏....

" အလှတွေပြင်ထားတာ ပျက်ကုန်မယ်လေကိုကိုရဲ့ ဖြေးဖြေး "

" Sorry ကိုကိုတအားကြည်နူးသွားလို့ပါ "

ဒါတောင်..သူမပါးပေါ်မထိတထိအနမ်းပါးပါးလေးကျလာသေးရဲ့...
ကိုကို့လက်ကိုချိတ်ပြီးတလောကလုံးရဲ့အလယ်ကိုလျှောက်လှမ်းရသည့်ခံစားချက်ဟာ...

သိပ်ကိုကြည်နူးရပါတယ်.....

အစားသောက်ကစလို့ Theme Colour အထိ သတိုးသမီးအရံတွေရဲ့ Dress တွေအဆုံး....
သူမစိတ်တိုင်းကျစီစဥ်ခဲ့သည့်အလျှောက်..

စိတ်ကျေနပ်မှု့တွေကအတိုင်းဆမဲ့ပါသည်.....

တချိန်လုံးစိတ်ချမ်းသာနေရသမျှ

သျှံထွန်းရဲ့ပေါက်ရစကားတွေတက်အော်လာသည့်အခါ
စိတ်က...ကွက်ခနဲပျက်သည်

မင်းမကြည့်လို့ (Completed) Where stories live. Discover now