၂၄

2.5K 92 27
                                    

" ထိုင်ပါ ကိုမင်းတိမ်လွှာ "

သူမရုံးခန်းထဲ ဝင်လာသည့်တိမ်လွှာကိုဖိတ်ခေါ်ရင်း...
နှုတ်ခမ်းတွေကအလိုကျတာစွာပြုံးလိုက်မိသည်...
မိုးသားကို သစ္စာရှင်လာတွေ့သည့်နေ့ကဘာတွေပြောခဲ့သလဲသိလားဆိုသည့်စကားတခွန်းထဲနှင့်သူမရုံးခန်းထိအပြေးလာသည့်...မင်းတိမ်လွှာ..

" ကျွန်တော် တကယ်သိချင်ပါတယ် မိုးသားဟာ သစ္စာရှင်ပြန်သွားပြီးထဲကမျက်နှာကောင်းတာ...အစ်မတို့မလာခင်အထိပဲ"

" Sky အထိကြောက်မလန့်ဝင်လာပြီး...မင်းရဲ့ဇနီးကိုအထိစော်ကားသွားတဲ့မျိူးသမီးကို ဒီတိုင်းလွှတ်ထားမှာလား...
တို့...သူ့ကို ကိုကိုနားမှာရှိနေစေချင်တဲ့အပြင်အဆုံးစွန်ထိနင်းခြေပစ်ချင်တယ်...
မင်းဟာ သူစွန့်ပစ်လိုက်လို့ မိုးသားကရတာပါလို့ သူပြောသွားခဲ့တယ်...
မင်းသိလား တို့သာ မင်းတို့ဆီအလည်မလာဖြစ်ခဲ့ရင် မင်းအချစ်ဆုံးမျိူးသမီးဟာသစ္စာရှင်ပါလို့တွေးပြီးမိုးသားသက်လုံးသိမ်ငယ်သွားမှာ... "

" တောက်..."

" မင်းသိပြီးလောက်မှာပါ နယ်ပို့လိုက်တာ တို့ဆိုတာ...ဒါပေမဲ့အဲ့မိန်းကလေးထွက်စာတင်သွားတယ် "

" ဘာလုပ်င့်သလဲ ကျွန်တော်သဘောပေါက်ပြီ "

နှုတ်ဆက်ပြီး...ထွက်သွားသည့်မင်းတိမ်လွှာကိုကြည့်ရင်းသူမခပ်မဲ့မဲ့ပြုံးပြစ်လိုက်သည်
ရင်ထဲတကယ်ဆိုတည်ငြိမ်မနေပါ...

အလုပ်ထွက်သွားသည့်...သစ္စာရှင်ကို ကိုကိုဟာ မိတ်ဆွေ company တချိူ့ဆီမှာ ထောက်ခံပေးသတဲ့လား...
သိပ်ကိုလွန်နေပြီမဟုတ်လား...
တကယ်ဆိုသူမ ဒီလောက်ထိနင်းခြေဖို့စိတ်မကူးမိပါ..

မင်းမကြည့်လို့ (Completed) Where stories live. Discover now