၁၂

4.3K 142 16
                                    

နွယ်လေး နဲ့ သူဟာ ရိုးရှင်းစွာပဲ ချစ်သူတွေဖြစ်ခဲ့ကြသည်......
ပဲမများတက်တဲ့ ကောင်မလေးကို ဒီနေရာမှာ သူ သိပ်ကို ကျေးဇူးတင်မိပါတယ်...

ပွင့်လင်းပြီး ရဲရင့်သလို...
တခါတရံ ဖြူစင်ပြီး ချစ်ဖို့ကောင်းသည်....

ဒီထက်အချစ်ပိုရသည်က...

ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ ပုံစံလေးကို သူတစ်ယောက်သာ မြင်ခွင့်ရပြီး....
သူနဲ့ကျမှ ပေါ်လာတက်တာ...
သူ့အတွက် သီးသန့်မဟုတ်လား....

'' ခေါင်းလျှော်လိုက်ပြန်ပြီလား "

ရေချိုးခန်းထဲက ထွက်လာသည့် သူမက သူစကားကြောင့် ကလေးဆိုးလေးလိုပြုံးကာ...

" နွယ်လေး.. မနေတက်တော့လို့ပါ ကိုကိုရဲ့ "

'' ကောင်မလေးကွာ...  ညမိုးချူပ်မှရေချိူးတာတောင် မလွှဲသာလို့ ခွင့်ပြုလိုက်ရတာကို ''

သူမ လက်ထဲက သဘက်ကလေး ယူကာ ခေါင်းပေါ်က ရေတွေကို ခပ်ဖွဖွသုတ်ပေးလိုက်သည်...
ငယ်ငယ်ကဆို သူမ ခေါင်းလျှော်သည့်နေ့တိုင်း အနားမှာရှိသည့်လူကို သဘက်ထိုးပေးကာ..

သုတ်ပေးခိုင်းတက်သေးသည်....

ဟိုတခေါက်ကဆို စိတ်တွေလှုပ်ရှားလွန်းပြီး ရင်ခုန်သံတွေ  ထိန်းချူပ်နေရလို့သာ မသိချင်ယောင်ဆောင်ထွက်ခဲ့ရပေမဲ့...
သဘက်ယူပြီး သုတ်ပေးချင်စိတ်ကိုမနည်းထိန်းနေရသည်....

ဒါတောင် သူမ ဆံပင်သေချာသုတ်ပါ့မလားဆိုတဲ့စိတ်နဲ့ ပြီးမှနောင်တရမဆုံး.....

''အခုထဲက ချူပ်ချယ်မှု့တွေ စ လာပြီ "

'' ဘာပြောတယ် ဒီကောင်မလေး တော့ နာတော့မယ် "

ကလေးလေးလို နှုတ်ခမ်းဆူကာ.....

'' မဟုတ်လို့လား "

သူ ဂျစ်ကန်ကန် လုပ်နေသည့် သူမအမူအရာလေးတွေကို အသည်းယားမိတာ...
သူမနောက်ကျောကနေ ငုံမိုးပြီး...

အသည်းယားမိသော ဆူထော်ထားသည့် နှုတ်ခမ်း အေးစက်စက်ကလေးတွေကို..
ဆွဲနမ်းပစ်လိုက်ပြီမှ......

'' မင်း ကိုကို ကအခုမှမဟုတ်ဘူး အရင်ထဲက အရိပ်တကြည့်ကြည့်နဲ့ ချူပ်ချယ်လာခဲ့တဲ့ကောင်...
နောင်လဲ ချူပ်ချယ်အုန်းမှာပဲ ခင်ဗျားလေးကို ထိခိုက်နိုင်တဲ့အရာဆိုရင်ပေါ့ "

မင်းမကြည့်လို့ (Completed) Where stories live. Discover now