၂၁

2.8K 82 12
                                    

" မိုးသားတို့ လင်မယားကြားမှာနွယ်လေးတော့ ဗျာများပြီကိုကို ''

Laptopတလုံးနှင့် အလုပ်တွေကုပ်ပြီးလုပ်နေသည့်...
သူမဆီက အသံကြောင့် သူမရှိရာလှမ်းကြည့်လိုက်မိသည်...

" ဘာဖြစ်လို့လဲ "

" မိန်းမကအလုပ်ပြန်ဝင်ဖို့ပြော...ယောက်ျားကထွက်စာလာတင်ပစ်နဲ့ ဘယ်သူ့စကားအတည်ယူမှန်းသိဘူး "

'' တိမ်လွှာက သူဖြစ်ချင်တာကိုဖြစ်အောင်လုပ်တက်တဲ့ဉာဥ်ရှိတယ်နော် ကလေးမ "

''မိုးသားက လဲ နွယ်လက်မလွှတ်ချင်လောက်အောင်နှမြောဖို့ကောင်းလွန်းတယ်..
အရည်အချင်းတွေရောကြိုးစားချင်စိတ်ရောရှိတဲ့မျိူးသမီးလေးကို ပိတ်လှောင်တော့မှာလို့ခံစားပြီးပိုနှမြော......''

'' Hello သစ္စာ "

သူမ စကားပြောနေတုန်း...

ဖုန်းကို ကောက်ကိုင်လိုက်သလိုတိုက်ဆိုင်စွာပင်သစ္စာရှင်ဆီကဖြစ်နေသည်မို့...သူမအလိုမကျဖြစ်သွားသော်လည်း...

ခနဆိုသည့်ပုံစံနှင့်လက်ကာပြကာ...

ထ ထွက်သွားလေသည်...

စာဖတ်ခန်းဆီဦးတည်ကာဝင်သွားသည်မို့...
အလုပ်ကိစ္စနေမှာပါဟုဖြေတွေးသော်လည်းသဝန်တိုစိတ်တွေကဘယ်လိုမှလက်မခံနိုင်....

" ok သစ္စာ ကိုယ့်ကို မနက်ဖန် မနက်အမှီချက်ကူညီပါအုန်း...."

''......''

'' ဟားးးး ok Thank နော်သစ္စာ See you "

ph ဝင်လာသည်မို့ထ ထွက်သွားသည်ထင်ခဲ့တာ...
သူ့အသံကြောင့်တံခါးခေါက်ရန်ဟန်ပြင်ထားသည့်လက်တွေရပ်တန့်သွားခဲ့လေသည်...

မင်းမကြည့်လို့ (Completed) Where stories live. Discover now