၄၉

4.8K 108 10
                                    

ညဘက်....
ပင်လယ်ကိုဖြတ်ပြီးတိုက်ခတ်လာတဲ့လေအေးတွေကြောင့်...
ရေထဲကသူမရောသူပါခပ်စိမ့်စိမ့်အေးလာမှ...

သူမလေးကိုပွေ့ပြီးအခန်းထဲ ပြန်ခေါ်ခဲ့ရသည်...

" ဟင်....အကို့ခြေထောက်က "

မွေ့ယာပေါ်အသာချလိုက်တော့သူမလေးဟာမျက်လုံးပြူးနှင့်သူ့ခြေထောက်တွေကိုကြည့်ကာပြောလာသည်မို့...
ခြေထောက်တွေကိုငုံကြည့်မှ....
သွေးတွေ...

"ဘာမှဖြစ်ဘူး... ကလေးရေတွေစိုနေတယ်ကျီရင်လဲလိုက်နော်..."

သူမဟာ သူ့ခန္ဓာကိုယ်ကိုရှိသမျှအားနဲ့ဆွဲချထိုင်စေကာ...ကြမ်းပြင်မှာကုပ်ကုပ်ကလေးထိုင်ရင်းသူ့ခြေထောက်ကိုသေချာစွာသုတ်သင်ပေးသည်...

" ဘာလို ဖိနပ်တောင်စီးလာတာလဲအကိုရယ် "

" အစိုးရိမ်လွန်သွားလို့ပါ...ဟာ..ဟေ​့မငိုနဲ့လေ ကို ဘာမှဖြစ်ပါဘူးကွာ ကြည့်ပါလား လျှပ်ထိယုံကလေးပါ "

" နေရီတောင်းပန်ပါတယ် အားလုံးနေရီကြောင့်....."

"ရှူး... "

ကြမ်းပြင်မှာငုတ်တုတ်ကလေးထိုင်နေသည့်သူမနှုတ်ခမ်းတွေပေါ်သူ့လက်ကိုဖိကပ်ရင်းထပ်မပြောဖို့ဟန့်တားကာ....
သူမကိုယ်လေးကို သူ့ပေါင်ပေါ် မ တင်ကာထိုင်စေသည်....

" ကို..မင်းကိုချစ်တယ်နေရီသက်ဝေ
ကိုယ်မိန်းကလေးယောက်ကိုသဘောကျဖူးတာမှန်ပေမဲ့...မင်းနဲ့ကျမှနှစ်နှစ်ကာကာချစ်တက်သွားတာယုံပါ...
သစ္စာရှင်ကိုသဘောကျမိလို့ မင်းကိုလက်ထပ်မိတာမှန်ပေမဲ့ မင်းကအစားထိုးခံတာမဟုတ်ဘူး...
အစထဲက...ကိုယ့်ဇနီးနေရာဟာမင်းပဲ ကို သူ့ကိုသဘောကျပေမဲ့မင်းကိုပဲလက်ထပ်ယူဖို့စိတ်ကူးခဲ့တာ...သင့်တော်လို့ရွေးချယ်ခဲ့တာမှန်ပေမဲ့ဖြည့်ခံအစားထိုးခံမဟုတ်တာ ယုံပေးပါ"

မင်းမကြည့်လို့ (Completed) Where stories live. Discover now