၄၅

3.6K 109 23
                                    

အိမ်ထောင်တခုမှာ....

ဘာလို့မိန်းမတွေကပဲ ညှိုနှိုင်းခွင့်လွှတ်တဲ့ဘက်ကပဲရှိနေတာလဲ...

အိပ်ပျော်နေတဲ့....သြဇာဂုဏ် ကိုကြည့်ရင်း

ခန့်ညားနေတဲ့ဒီအမျိူးသားဟာသူမအတွက်တစ်ဘဝလုံးစာဖြစ်နေသည်မဟုတ်ပါလား......

နူးညံ့သည့်ပင်ကိုသဘာဝကြောင့်ရယ်....

ကျမတို့မိန်းမသားတွေဟာသိပ်ချစ်တက်တာကြောင့်ရယ်...ကျမတို့ဟာအမြဲတမ်းခွင့်လွှတ်ခြင်းတွေကိုသာရွေးချယ်တက်ကြသည်...

ဟုတ်သည်....

ဘာလို့မိန်းမတွေကပဲညှိနှိုင်းခွင့်လွှတ်ကြသလဲလို့မေးရင်....သူမရဲ့အဖြေဟာရှင်းသည်

ကျတို့ဟာ...ပိုချစ်ခဲ့ကြလို့ပါ

သူမတကယ်ပဲ သူ့ကိုနောက်ထပ်ယုံကြည်ပေးလိုက်သင့်လား....
သူပြောတဲ့ သစ္စာမဖောက်ခဲ့ပါဘူးဆိုတဲ့စကားကရောဘယ်နှရာခိုင်နှုန်းအထိယုံလိုက်သင့်သလဲ....

သူ့ပါးကလေးကို သူမလက်ဖဝါးနှင့်အသာထိတွေ့လိုက်ပြီး.....

ကျရာနှုန်းပြည့်ယုံကြည်လိုက်ချင်တယ်

ရင်ဘက်ရဲ့အနက်ရှိုင်းဆုံးတနေရာကဆစ်ကနဲနာကျင်ရသလို....
သူ..မရှိခဲ့သည့်အချိန်တွေအကြောင်းတွေးလိုက်တော့ပိုပြီးနာကျင်ရသည်....
နာကျင်ရတာခြင်းအတူတူတောင်....

သူ့ရင်ခွင်ထဲမှာပဲနာကျင်ချင်တယ်.....

တကယ်ဆို သူနဲ့အပြီးကွာရှင်းလိုက်ဖို့မရဲပါဘူး....အချစ်ဆိုတာသိတက်တဲ့အရွယ်ထဲကသူမချစ်ခဲ့သူဟာ...

ကိုကိုပဲမဟုတ်လား....

အဆုံးထိသူမလက်ကိုဆွဲထားပေးလို့ကျေးဇူးတင်မိသည်....

" ဘာတွေတွေးနေတာလဲ နွယ်လေး "

သူပါးပေါ်ကသူမလက်ကိုခပ်ဖွဖွဆုပ်ကိုင်ရင်း.....တရေးနိုးလာပုံရသည့်သူကမေးသည်

" ဒီလိုပါပဲ "

" ကိုယ့်ကြောင့် နာကျင်ခဲ့တာတွေကို ပြန်တွေးနေတာလား... "

မင်းမကြည့်လို့ (Completed) Where stories live. Discover now