၂၇

2.7K 100 28
                                    

အချစ်ဆုံးတွေပါလို့ထင်ခဲ့တဲ့ချစ်သူနှစ်ဦးဟာလဲနောက်ဆုံးတော့ကျောခိုင်းအိပ်ယာဝင်ရတဲ့နေ့ရက်တွေရောက်လာခဲ့တာပါပဲလား ကိုကိုရယ်....
မွန်းကြပ်လာတဲ့ဒဏ်တွေသူမ...မခံစားနိုင်တော့ပါ..

" မိုးချူပ်နေပြီဘယ်လဲ "

" အလုပ်ပေါ်လာလို့ "

သူ့ဘက်ကနောက်ထပ်တစုံတရာထွက်မလာတော့သလိုသူမ ဟာလဲအိပ်ရာကိုကျောခိုင်းထွက်သွားခဲ့လေပြီ....
တသက်လုံးရှင်သန်လာခဲ့သည့်မာနတွေကို
သူသည်းခံခုနှိမ်ရင်း...သူမကိုမဆုံးရှုံးရဖို့ကြိုးပမ်းခဲ့သော်လည်းဒီတခါမာနတွေက...

အောက်ကျိူ့ကာပြန်ချော့လိုက်ဖို့တွန့်ဆုပ်နေမိသည်...ပြန်ချော့လိုက်ဖို့စိတ်ကူးသော်လည်း
မျက်နှာပျက်ရသည့်အကြောင်းခေါင်းထဲရောက်လာတော့ မာနတွေကတင်းခံလာသည်...

ငါမှ...မမှားဘဲလို့တစ်ကိုယ်ကောင်းဆန်စွာ
တွေးမိသေးတာ

" ကိုကို "

သူဘယ်လောက်ထိ အိပ်ပျော်သွားသလဲ..ဘာ်အချိန်က အိပ်ပျော်သွားသလဲ မသိပါ.....
မို့အစ်နေသည့်မျက်ခွံဖောင်းဖောင်းတွေရယ်..နွမ်းလျလျမျက်နှာထားရယ်ကြောင့်

တညလုံးမအိပ်ပဲငိုထားတာလား....

ဆိုသည့်မေးခွန်းဟာနှုတ်ဖျားကထွက်မလာခဲ့ပါ

" နွယ်လေး..ခနလောက်စကားပြောချင်လို့ "

ခပ်တိုးတိုးအသံလေးဟာ...
အားမပါလှပါ...

" အင်း "

" ကိုကိုနဲ့နွယ်လေးဟာ ဘဝတလျှောက်လုံးတွေ့လာခဲ့ကြပေမဲ့ တကယ်ကိုအတွေးတူ Type မတူကြဘူး....ညှိယူဖို့ကြိုးစားပေမဲ့နွယ်လေးလက်လျော့လိုက်ပြီ "

သူမလှမ်းပေးသည့်စာရွက်အချိူ့ကိုယူလိုက်ရင်းဆွံအနေမိသည့်အဖြစ်...
သူ့ရင်ထဲတောင်အစိုင်အခဲတွေရှိနေရင်....
သူမကရော.....

မင်းမကြည့်လို့ (Completed) Where stories live. Discover now