Description

5.7K 232 4
                                    


ွန်ခဲ့သော ခြောက်လခန့်မှစတင်၍
စုစု​ပေါင်းအရေအတွက်
တစ်သောင်းခန့်ပင်ရှိမည့် ပုံရိပ်လိုလိုပင်
ထိကိုင်မရသော အနက်ရောင်မျှော်စင်များသည်
ကမ္ဘာ​ပေါ်မှ​နေရာအနှံ့အပြားရှိမြို့ကြီးများ၌
​လေထဲတွင်တွဲလွဲခိုလျက် ပေါ်ပေါက်လာခဲ့သည်။
ဓာတုဗေဒပညာရှင်များ၊
ရူပဗေဒပညာရှင်များ သိပ္ပံပညာရှင်များသာမက
ဘာသာရေးခေါင်းဆောင်များပင်လျှင်
ထိုမျှော်စင်များနှင့်ပါတ်သတ်၍
မည်သည့်ဖြေရှင်းချက်ကိုမျှ
ထုတ်မပေးနိုင်ကြချေ။

ခြောက်လခန့်ကြာပြီးနောက်တွင်မူ၊
လူအများမှာထိုအနက်ရောင် မျှော်စင်များဖြင့်
တဖြည်းဖြည်းနေသားကျ လာကြပြီး
ရှိ​နေသည်ကိုပင်ဂရုပင်မစိုက်ကြတော့​ချေ။

တစ်နေ့တွင်မူ ထန်မော့သည်
အင်းဆက်တစ်ကောင်မှ
မျှော်စင်ကြီးအား ဖောက်ပြီးပျံသွားရမည့်အစား
ထုထည်တစ်ခုသို့၀င်တိုက်မိသည့်နှယ်
ဖုတ်ခနဲပြုတ်ကျသွားသည်ကို တွေ့လိုက်ရလေသည်။

ထို့နောက်တွင် ကျယ်လောင်၍စူးရှသော
ကလေးငယ်တစ်ဦး၏အသံက
ကမ္ဘာ​ပေါ်ရှိလူသားများအားလုံးထံ
ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်​တော့သည်။

"တင်းတောင်~ နို၀င်ဘာ ၁၅ရက်နေ့ ၊ ၂၀၁၇ခုနှစ်၊
ကမ္ဘာကြီး အွန်လိုင်းပေါ်တက်လာပါပြီ ။ "

အနက်ရောင်မျှော်စင်၏
သံမဏိစည်းကမ်းကြီးသုံးချက်။

1. ဖြစ်စဉ်များအားလုံးသည် အနက်ရောင်မျှော်စင်နှင့် သက်ဆိုင်သည်။

2.၆နာရီမှစ၍ ၁၈နာရီအထိကို ဂိမ်းကစားချိန်အဖြစ်သတ်မှတ်သည်။

3.ကစားသမားများအားလုံး အနက်ရောင်မျှော်စင်ကိုတိုက်ခိုက်ကြပါ​နော်

-------------------

ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီ [The Black Tower]Where stories live. Discover now