//Chp-1// P-1

1.4K 139 0
                                    

မနက်၉နာရီ

စာကြည့်တိုက်ဖွင့်ချိန်​ရောက်သည်နှင့်
မနက်အ​စောကပင်ကြိုစောင့်နေကြသော
ဆံပင်ဖြူဖြူများနင့်သက်ကြီးရွယ်အို
စာဖတ်သူများက
အတွင်းသို့ အလျိုအလျို၀င်လာကြသည်။

ယနေ့မှာတနင်္လာနေ့ဖြစ်၏။

ရုံးပိတ်ရက်များနှင့်မတူသည်မှာ
ယနေ့လိုအလုပ်ဖွင့်ရက်မျိုးတွင်
စာလာဖတ်သူအများစုမှာ အငြိမ်းစားယူပြီးဖြစ်သော သက်ကြီးရွယ်အိုများသာ ဖြစ်ပြီး
က​လေးများကိုစာဖတ်ရန်အတင်း​ခေါ်လာ​သော မိဘများမဟုတ်ကြခြင်းပင်။

စာကြည့်တိုက်၏အပြင်ဘက်တွင်
ကားသံ၊လူသံများဖြင့်
ဆူညံလှုပ်ရှားနေသောကမ္ဘာကြီးရှိ​သော်လည်း
စာကြည့်တိုက်၏အတွင်းပိုင်းတွင်မူ
စာရွက်လှန်သံများမှအပ ပကတိတိတ်ဆိတ်လျက်။

မနက်ဆယ်နာရီစွန်းစွန်းတွင်မူ
စာကြည့်တိုက်တွင်လူ​တွေတဖြည်းဖြည်းပိုများလာခဲ့သည်။

ထန်မော့သည် ကွန်ပျူတာရှေ့တွင်ထိုင်လျက်
စာအုပ်များအားစီစစ်ဖို့ရာကူညီပေးရသည်။
သူ၏ဘယ်ဘက်လက်သည်ကီးဘုတ်ပေါ်တွင်ရှိပြီး
စာအုပ်၏သက်တမ်းရက်ကိုစစ်ဆေးကာ
ကျန်သည့်ညာဘက်လက်ကမူ မောက်စ်ကို
နှိပ်လျက် ရက်ကိုအတည်ပြုလေသည်။

၄င်းတို့ကိုလုပ်ပြီးနောက်
ထန်မော့သည် မိမိရှေ့ကိုမော့ကြည့်လိုက်ပြီး

"စာအုပ်ငှားထားတာ တစ်လကျော်တောင်ရှိပြီပဲ။
ခုထိဖတ်လို့မပြီးသေးတာလား"

သူ့ရှေ့မှသက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးမှာမူ ပြုံးလျက်ခေါင်းကိုခါယမ်းလိုက်သည်။

"အင်းကွယ်၊ အန်တီ့သားကစာဖတ်နှေးတယ်လေ။
တစ်လအတွင်းစာအုပ်ပြန်မအပ်နိုင်တာက
ပြဿနာရှိလို့လား"

ထန်မော့ကရှင်းပြသည်။

"တစ်လအတွင်းကိုအလကားဖတ်လို့ရပါတယ်။
တစ်လကျော်ရင်တော့ တစ်ရက်ချင်းစီအတွက်
ရက်ပိုကြေးတစ်ယွမ်စီပေးရမယ်"

သူကပြောနေရင်းနဲ့ခဏရပ်လိုက်ပြီးမှ
ဆက်၍ပြောလိုက်သည်။

ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီ [The Black Tower]Where stories live. Discover now