//Chp-14//P-2

323 100 6
                                    

ချမ်းသာတဲ့ဒုတိယမျိုးဆက်သခင်လေး
လီ၀မ်မှာ ထန်မော့အားကြည့်လိုက်ကာ
အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး
သတ္တိမွေးလိုက်သည်၊

ထို့နောက်သူကပြောလာသည်။

"အဲဒီသုံးရက်ရဲ့ပထမဆုံးနေ့မှာ
ကျွန်တော်နန်ကျင်းက သူငယ်ချင်းကိုသွားရှာပြီး အပျော်အပါးလေးတွေရှာကြတယ်။
နောက်နေ့ကျလည်းအတူတူပဲ။
ဒါပေမယ့် ကလပ်မှာ ပိုအချိန်ဖြုန်းဖြစ်တာပေါ့။ နောက်နေ့ညကျ ကျွန်တော့်ကို အဖေကအိမ်ပြန်ဖို့ ဖုန်းဆက်ပြောတယ်။
ကျွန်တော်လည်း အရမ်းမူးနေပြီဆိုတော့
မပြန်ဖြစ်ဘူး အဲဒီမှာပဲအိပ်ဖြစ်သွားတယ်။
နောက်နေ့မနက်မှ ရှန်ဟိုင်းကိုပြန်မောင်းလာတာ။
အဲနောက်မှာ ကားအက်ဆီးဒင့်ဖြစ်တယ်။
ကျွန်တော်နိုးတာတော့ ထန်မော့နဲ့ဆုံတယ်။
ထန်မော့က အခြားကားပေါ်က
ဒရိုင်ဘာတွေပျောက်သွားလို့
ကားတွေဆင့်တိုက်ကုန်တာလို့ ပြောပြတယ်။ ကျွန်တော်ခိုး၀င်သူမဟုတ်ဘူး။
ဘယ်သူ့ကိုမှလည်းမသတ်ဖူးဘူး။"

အကုန်လုံးကထန်မော့အားကြည့်လိုက်ကြသည်။

ထန်မော့ကရှင်းပြလာသည်။

"သူ့ကိုပထမဆုံးတွေ့တုန်းက
သူကမှောက်နေတာလေ။
အဲဒီရှေ့ပိုင်းဘာတွေဖြစ်ခဲ့လဲ ကျွန်တော်မသိဘူး"

လီပင်းကမျက်မှောင်ကျုံ့လျက်

"မင်းဒီလောက်လေးပဲပြောလို့မရဘူးလေ။
ပိုပြီးအသေးစိတ်ကျကျပြောပါလား"

လီ၀မ်ကသနားစဖွယ်မျက်နှာဖြင့်
အနည်းငယ်တွေးတောလိုက်ကာ

"ကျွန်တော်ပြောချင်ပါတယ်။ ဒါပေမဲ့ အဲဒီသုံးရက်လုံးက အရက်သောက်တာ၊ သူငယ်ချင်းတွေနဲ့ပျော်ပါးတာအပြင်
တခြားဘာထွေထွေထူးထူးမှမလုပ်ခဲ့ဘူးလေ။
ကျွန်တော်တို့ဘယ်လိုပျော်ပါးကြတာလဲတော့
မမေးနဲ့ဗျာ။ပုံမှန်လည်း ဒီလိုအရက်သောက်လိုက် ကလပ်တက်လိုက်ပဲ။
သောက်တာအပြင်ကို တခြားဘာမှ​ထွေ​ထွေထူးထူး တောင်ပြောစရာမရှိဘူးထင်တာပဲ။
ဪ..ရှိတော့ရှိသေးတယ်။
ကျွန်တော့်သူငယ်ချင်းတွေက
နာမည်ကြီးမင်းသမီးတွေကို သူတို့နဲ့ပျော်ဖို့တော့
ခေါ်လာကြတယ်။"

ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီ [The Black Tower]Where stories live. Discover now