All About Black Tower

394 103 4
                                    


ဒီတစ်ခေါက်မှာတော့ အနက်ရောင်မျှော်စင်တွေနဲ့ ကစားသမားတွေရဲ့အကြောင်းနည်းနည်းရှင်းပြပါမယ်။

အနက်ရောင်မျှော်စင်တွေက အီဂျစ်ပိရမစ်တွေလို သုံးထောင့်ပုံစံမျိုးပါ။
တစ်ခါတလေ ကလေးသံနဲ့သီချင်းတွေဆိုတတ်ပြီး ၊
တဆင့်ပြီးတဆင့်ဂိမ်းစည်းမျဉ်းတွေကိုလည်းကြေညာပေးတတ်ပါတယ်။
အိုင်ဖတ်ဖူးသလောက်တော့အနက်ရောင်မျှော်စင်တွေမှာ အသံသုံးသံရှိပါတယ်။ ကေလးသံ၊ မိန်းကလေးသံနဲ့ အသံအောအောနဲ့ယောကျ်ားသံပါ။ များသောအားဖြင့်တော့ ခပ်စူးစူးကလေးသံနဲ့ ကြေညာပေးတာများပါတယ်။

အနက်ရောင်မျှော်စင်တွေမှာ အထပ်ပေါင်းခုနှစ်ထပ်ရှိပါတယ်။
အထပ်တိုင်းက ဂိမ်းLevelတွေကိုရည်ညွှန်းပါတယ်။
ခုနှစ်ထပ်မြောက်ကအမြင့်ဆုံးပါ။
အထပ်ပိုမြင့်လေ ဂိမ်းကပိုခက်လေ အသက်ရှင်နိုင်ချေနည်းလေပါ။
အနက်ရောင်မျှော်စင်က ကမ်ဘာကြီးကိုOnlineဖြစ်အောင် လုပ်ခဲ့တာကြောင့် ကမ်ဘာကြီးofflineပြန်ဖြစ်ဖို့
မျှော်စင်ရဲ့ အထပ်တွေအကုန်လုံးကိုရှင်းရမှာပါ။

အနက်ရောင်မျှော်စင်ဟာ ကမ်ဘာကြီးOnlineပေါ်တက်လာပြီလို့ ကြေညာပြီးချိန်မှာ အချိန်သုံးရက်ပေးခဲ့ပါတယ်။
အဲဒီအချိန်သုံးရက်မှာ ကမ်ဘာပေါ်မှာရှိတဲ့လူတိုင်းက ဘယ်လိုဂိမ်းမျိုးကိုမဆိုဆော့ပြီး အချင်းချင်းရှင်းပစ်ရမှာပါ။
အဲဒီသုံးရက်မှာ တနည်းနည်းနဲ့နိုင်ပြီးကျန်ခဲ့တဲ့သူတွေက
အနက်ရောင်မျှော်စင်ရဲ့ အထပ်တွေကို တဖြည်းဖြည်းရှင်းဖို့ အခွင့်အရေးရမှာပါ။

အစောကပြောခဲ့သလိုပဲ သုံးရက်အတွင်းမှာ ဂိမ်းတစ်ခုခုကိုနိုင်ပြီးကျန်ခဲ့တဲ့သူတွေက အနက်ရောင်မျှော်စင်ရဲ့ကစားသမားတွေအဖြစ်ကျန်ခဲ့ပါတယ်။
ဂိမ်းတစ်ခုခုကိုနိုင်မယ်ဆိုတာမှာ ဘယ်ဂိမ်းမျိုးမဆိုဖြစ်နိုင်ပါတယ်။
ဥပမာ အနက်ရောင်မျှော်စင်ကချပေးတဲ့ဂိမ်းကနေ၊ ရိုးရိုးကျောက်တုံး၊စက္ကူ၊ကပ်ကြေးဂိမ်းလေးတွေအထိ အကြုံး၀င်ပါတယ်။
လူတွေက အနက်ရောင်မျှော်စင်ဆီကနေ ကမ်ဘာကြီးOnlineပေါ် တက်လာပြီဖြစ်ကြောင်း ကြေညာခံလိုက်ရကတည်းက တချို့ကမယုံ တချို့ကရယ်စရာလို့ထင်၊ တချို့ကဘာလုပ်ရမှန်းမသိတာတွေများပါတယ်။
ဒါမျိုးတခါမှမကြုံဖူးတာကိုး။
ဒီတော့ တချို့ဆိုအဲဒီသုံးရက်အတွင်းဘယ်ဂိမ်းကိုဆော့လိုက်လို့
ဘယ်လိုနိုင်လာမှန်းမသိတဲ့သူတွေလည်းရှိပါတယ်။

ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီ [The Black Tower]Where stories live. Discover now