//Chp-4//P-2

349 100 1
                                    


ခဏမျှတိတ်ဆိတ်နေပြီးနောက်
ထန်မော့က မသေချာစွာမေးလိုက်မိသည်။

"ဒါကြီးက သဲလွန်စ​ပေါ့"

ကိုငကြောင်လည်း နေရခက်သောအမူအယာဖြင့်ပင်
"ဒီ ငှက်မွှေးမှာ အခြားအစွမ်းတွေဘာတွေများရှိလို့များလား"

ထန်မော့က ငှက်မွှေးကိုယူကာ
လေထဲမြောက်တင်လိုက်သည်။
ကြည့်ရတာတော့ ဘာအစွမ်းမှမရှိတဲ့
သာမာန်ငှက်မွှေးပါပဲ
ထန်မော့က တစ်ခုခုများထူးခြားနေမလားလို့
မျိုးစုံအောင်စမ်းကြည့်ပေမယ့် ငှက်မွှေးကမူ
သူ့ဘာသူငြိမ်နေဆဲ။ မသိလျှင် ထန်မော့အား
'ငတုံး'ဟုလှောင်ပြောင်နေသည့်နှယ်။

ထိုအချိန်တွင် စာကြည့်တိုက်တွင်း၌
ညအချိန်ကဲ့သို့ရုတ်ချည်းမှောင်မဲသွားခဲ့သည်။

ကိုငကြောင်လည်း လန့်ပြီးအော်လိုက်လေသည်။

စာကြည့်တိုက်အတွင်းရှိ တစ်စုံတစ်ခုကိုပင်
မြင်ရဖို့ခက်ခဲသည်အထိမှောင်မဲနေကာ ထန်မော့ပင် အနည်းငယ်စိုးရိမ်မိသွားရသည်။
သူကကောင်တာ၏ဘေးတွင်ရပ်နေဆဲဖြစ်သည်မို့
စားပွဲပေါ်မှာ မီးအိမ်အဟောင်းကို
စမ်း၍ဖွင့်လိုက်သည်။
အားနည်းသောအဝါရောင်မီးရောင်မှိန်မှိန်က
ထန်မော့နှင့် ကိုငကြောင်တို့
ထိုင်နေသောနေရာလေးတစ်၀ိုက်ကိုသာ
အနည်းငယ်မျှထွန်းလင်းစေသည်။

ထန်မော့သည် အမှောင်ထဲမှ စာအုပ်စင်များအား
စိုက်ကြည့်လိုက်သည်။

မိမိကိုယ်ကိုတည်ငြိမ်အောင်ပြုလုပ်ကာ
ထန်မော့ကတခြားမီးခလုတ်များကိုပါဖွင့်ကြည့်ရန်လက်လှမ်းလိုက်သည်။
သို့သော်အလုပ်မဖြစ်ပေ။
ကောင်တာမှ မီးအိမ်အိုကြီးတစ်ခုတည်းသာ
ဖွင့်၍ရသည်။
လူနှစ်ယောက်က ကောင်တာကိုမှီလျက်ပင်
ကြမ်းပြင်​ပေါ်တွင်ထိုင်ချလိုက်ကြသည်။

အဆုံးမဲ့သောအမှောင်ထုက ကြောက်ရွံ့မှုကို ပို၍တိုးပွားစေသည်။ သုံးထပ်ရှိသောစာကြည့်တိုက် တစ်ခုလုံးတွင် ဤကောင်တာ
ပါတ်ပါတ်လည်လေးမှလွဲ၍
အလင်းရောင်မြူမှုန်တစ်စမျှပင်မရှိ။
သူတို့သာအပြင်သို့ခြေတစ်လှမ်းခန့်ထုတ်မိလျှင် အမှောင်ထုကြီး၏ဝါးမြိုမှုကိုခံရတော့မတက်ပင်။

ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီ [The Black Tower]Where stories live. Discover now