//Chp-9//P-full

332 102 2
                                    


ထန်မော့အနီးဆုံးဆီဆိုင်သို့
ကားကိုမောင်းလာခဲ့သည်။
ဆီဖြည့်သည့်နေရာတွင် မည်သူမျှရှိမနေ။
ဆီဖြည့်သောပိုက်များမှာ
ကြမ်းပြင်ပေါ် သည်အတိုင်းပြုတ်ကျနေကာ
ပါတ်၀န်းကျင်တစ်ခုလုံး
ဓာတ်ဆီနံ့များမွှန်ထူနေသည်။

ကြည့်ရတာ ၀န်ထမ်းများမှာ ဆီဖြည့်နေတုန်းတန်းလန်း ပျောက်ကွယ်သွားကြပုံပင်။

ထန်မော့ ကားထဲမှထွက်ရန်ပြင်ပြီးမှ
တုန့်ဆိုင်းသွားခဲ့ပြီး
မျက်နှာသေဖြင့်ပင် နောက်ခန်းမှ ပိုက်ဆံအိတ်အားလှမ်းယူလိုက်သည်။

ဆီဆိုင်တွင် မည်သူမျှမရှိသော်လည်း
သူကသေချာစေရန်အလို့ငှာ

"တစ်ယောက်ယောက်ရှိလား"

မည်သည့်တုန့်ပြန်မှုမှမကြားရလျှင်
ထန်မော့ကိုယ့်ဘာသာပင် ဆီဖြည့်သည့်နေရာဆီလျှောက်သွားလိုက်သည်။

ဤဆီဖြည့်သည့်ဆိုင်မှာ ဆီဖြည့်ရန်နေရာ၌
၀န်ထမ်းများ၏ကဒ်ကို ထည့်ထားပြီးသားဖြစ်သည်။
ယဉ်မောင်းများအတွက်လိုအပ်သောပမာဏကို ဖြည့်ပေးနိုင်ရန် လုံလောက်သောပမာဏအား ကဒ်ထဲတွင်ဖြတ်ပေးပြီးသားပင်။

ထန်မော့တွင်ကားမရှိတာကြောင့် သဘာ၀ကျစွာပင်
ဆီဖြည့်သည့်ကဒ်လည်းမရှိပေ။ သူအိမ်ရှင်၏ကားကို ဆီဖြည့်တိုင်း၀န်ထမ်းကဒ်ကိုသုံး၍သာဖြည့်လေ့ရှိသည်။

တိတ်ဆိတ်ပြီး လူသူမဲ့နေသောဆီဆိုင်တွင်
အရပ်မြင့်မြင့်နှင့်သွယ်ကျကာ
နက်မှောင်သောဆံပင်တို့ဖြင့်
လူရွယ်လေးက ဆီကိုအလျင်အမြန်ဖြည့်နေသည်။
မှောင်မိုက်သောညက စိတ်ကိုမသက်မသာဖြစ်စေသည်။
ပုံမှန်ဆိုလျှင် လူစည်ကားနေတတ်သော
စုကျိုးမြို့လယ်မှ ဆီဆိုင်တွင် အခုတော့
ထန်မော့တစ်ယောက်သာ တိတ်တဆိတ်ရပ်ပြီး
ဆီဖြည့်နေခဲ့ခြင်း။

အမှောင်ထုထဲတွင် တစ်စုံတစ်ခုကပုန်းကွယ်နေပုံဖြင့်
ညခင်း၏အေးစက်သောလေက ဖြတ်၍တိုက်လာသည်။

ထန်မော့က ဆီပိုက်ကိုပြန်ထားလိုက်ပြီး ထွက်သွားရန်ပြင်လိုက်သည်။

သို့သော် တစ်စုံတစ်ခုကိုသတိရသွားပြီး သူ၏အမူအယာကတောင့်တင်းသွားသည်။
သူကခပ်တည်တည်ပင် သူ့ဘောင်းဘီအိတ်ထဲမှ
ယွမ်၂၀၀ကိုထုတ်လိုက်ကာ
ဆီဆိုင်ကြမ်းပြင်ပေါ်တွင်
ခဲတုံးဖြင့် ဖိကာထားခဲ့လိုက်သည်။

ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီ [The Black Tower]Where stories live. Discover now