//Chp-16//full

375 103 7
                                    

ပွေးကြီး၏အီးနံ့မှာ၄င်းခံတွင်းနံ့လိုပင်
အလွန်ဆိုးရွားလွန်းလှသည်။
၄င်းအနံ့မှာမြေအောက်လှိုဏ်ဂူကြီးအတွင်း
အချိန်တော်တော်ကြာ စွဲလျက်ကျန်ရစ်နေကာ
သူတို့လည်းမနေနိုင်ပဲထပ်အန်မိရပြန်သည်။
ပွေးကြီးကအလွန်ကျေနပ်စွာပြုံးလိုက်ပြီး
ထောင့်သို့ပြေးသွားကာ
သူ၏ကျင်းများကိုဆက်တူးနေလိုက်သည်။

၄င်းကထိုလူငါးဦးကိုနည်းနည်းမှတောင်
ဂရုမစိုက်တော့ချေ။
လူငါးဦးမှာလဲ အဆိုပါပွေးကြီးကို
မည်သို့ရန်စဝံ့မည်နည်း။

လင်းရှောင်က ကျောင်းသူလေး၏အရိုးဖြူဖြူများသာ ကျန်တော့သောသွေးအိုင်ဆီသို့လျှောက်သွားလိုက်သည်။
ထို့နောက်တွင် သူကသက်ပြင်းချလိုက်ကာ သူမ၏အပေါ်အင်္ကျီကိုချွတ်၍
ထိုအရိုးများအပေါ်၌ဖုံးလွှမ်း ပေးလိုက်သည်။

လီပင်းလည်းထိုနည်းတူပါပင်။
တောင့်ခဲနေပြီဖြစ်သော စားဖိုမှူး၏အလောင်းကို ထောင့်နားဆီရွေ့ပြောင်းလိုက်ပြီး သူ၏ဂျက်ကပ်နှင့် စားဖိုမှူး၏မျက်နှာအား ဖုံးလွှမ်းပေးလိုက်သည်။

ကျောင်းသူကလေးမလေး၏
ရုတ်တရက်တိုက်ခိုက်မှုမှာ
စားဖိုမှူးလည်းသေဆုံးသွားသလို သူမကိုယ်တိုင်လည်း ပွေးကြီးဆီမှာချက်ချင်းအစားခံလိုက်ရသည်။

ဒါတွေအားလုံးဖြစ်ပျက်ဖို့
၅မိနစ်မျှသာကြာလိုက်သည်။

အနက်ရောင်မျှော်စင်က သူတို့သည်ဒုတိယအရံမစ်ရှင်ခွဲလေးကိုပြီးမြောက်ကြောင်း ကြေညာပေးပြီးနောက် နောက်ထပ်မစ်ရှင်များ ထပ်မပေးလာခဲ့ပေ။ သူတို့၏အဓိကမစ်ရှင်မှာ အသက်ရှင်ရန်ဟုပင်။

သာမာန်လူတစ်ဦးမှာရေလုံး၀မသောက်ရပဲ ၇ရက်သာအသက်ရှင်လိမ့်မည်။ မစားမသောက်ရပဲဆိုလျှင် ရက်၃၀ကအလွန်ဆုံးပင်။

သို့သော်လက်ရှိ သန်မာသောခန္ဓာကိုယ်အနေအထားနှင့်ဆိုလျှင် ထန်မော့သည် အနည်းဆုံးတစ်လကျော်ခန့်တော့အေးအေးဆေးဆေး ရှင်သန်နိုင်လောက်သည်ဟုမှန်းဆမိသည်။

ပွေးကြီးကသူတို့ကိုသေစေလိုသည့်ဆန္ဒမရှိသ၍​ပင်

ထို့ကြောင့်သူက အနက်ရောင်မျှော်စင်၏
ရှင်သန်ရာဂိမ်းမှာ ဤမျှနှင့်
မရပ်တန့်သေးမည်ကိုသာ စိုးရိမ်နေခဲ့သည်။

ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီ [The Black Tower]Donde viven las historias. Descúbrelo ahora