//Chp-5//P-1

342 102 1
                                    


အံ့ဩဖွယ်ရာသဲလွန်စကြီးကိုပေးပြီးနောက်မှာ
မျက်နှာပြောင်မိန်းကလေးက
ခုန်ဆွခုန်ဆွနဲ့ထွက်သွားပြန်သည်။

ထန်မော့မှာအသက်ပြင်းပြင်းရှူလိုက်ကာ
ကလေးအရွယ်မိန်းကလေးတစ်ဦးအား
သတ်ပစ်ချင်စိတ်ကို ထိန်းချုပ်ထားလိုက်ရသည်။

ယခုကနေ့အချိန်ဖြစ်၍ နတ်ဆိုးလည်းပျောက်ကွယ်သွားပြီဖြစ်ရာ နတ်သားအသင်းအတွက် ကောင်းကောင်းလှုပ်ရှားလို့ရချိန်ဖြစ်သည်။
ဤထူးဆန်းသောနေရာတွင်
နှစ်ရက်တောင်ကုန်ဆုံးခဲ့ပြီးဖြစ်ရာ
နှစ်ဦးသားမှာအရမ်းလည်းကြောက်မနေကြတော့။

သူတို့ရာဘာတုတ်ကိုကိုင်လျက်ပင်
မီးလောင်သွားသော စာအုပ်စင်ထံသို့
လျှောက်သွားလိုက်ကြသည်။
ထန်မော့ကထိုင်ချလိုက်ကာ ပြာများသာကျန်သည်အထိ လောင်ကျွမ်းသွားသော စာအုပ်စင်ကို သေချာကြည့်ရှုလိုက်သည်။

တတိယထပ်တွင် စာအုပ်စင် ၂၃စင်ခန့်ရှိကာ
ယခုလောင်သွားသောစာအုပ်စင်မှာ
ကောင်တာမှရေလျှင် ၉စင်မြောက်ဖြစ်သည်။

ဤသည်မှာ အမျိုးအစား၁ စာအုပ်စင်ဖြစ်ပြီး
၄င်းတွင်, ခရီးသွားရာဇ၀င်, ပထ၀ီ၀င်နှင့် ဘာသာရေးနှင့်ဆိုင်သောစာအုပ်တချို့ကိုထားရှိခဲ့သည်။
အခုတော့သူတို့တွေအကုန်ပြာမှုန်တွေဖြစ်သွား​ချေပြီ။
သစ်သားစာအုပ်စင်မှာ ကြမ်းပြင်ပေါ်၌မီးသွေးခဲများ
သဏ္ဍာန်ဖြစ်နေကာ စာအုပ်များကမူ
အဖြူအနက်ပြာမှုန်များအဖြစ်နှင့်
လှဲလျောင်းနေကြသည်။

ထန်မော့က လက်ကိုဆန့်လျက်
ပြာမှုန်အနက်များအား ထိကြည့်လိုက်သည်။

"ပူမ​နေဘူး"

ကိုငကြောင်က ထန်မော့အားကြည့်လာကာ
"မပူဘူး ဟုတ်လား"

ထန်မော့ကခေါင်းငြိမ့်လိုက်သည်။
"ကလေးသံကပြောသွားတယ်လေ စာအုပ်စင်ကတစ်ညလုံးမီးရှို့ခံရတာဆိုတော့ မပူတော့ဘူးဆိုတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့
မူလအချိန်စီးဆင်းနှုန်းနဲ့တွက်ကြည့်ရင်
နာရီ၀က်လောက်ပဲရှိသေးတာ။ စာအုပ်ရေ ၁၀၀၀၀လောက်ရှိတဲ့ စာအုပ်စင်ကြီးတစ်ခုလုံး တစ်နာရီအတွင်းမှာအကုန်မီးရှို့ခံလိုက်ရတာထားဦး
လူသားတွေရဲ့ပုံမှန်သီအိုရီအရဆို လုံး၀မဖြစ်နိုင်ဘူး"

ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီ [The Black Tower]Where stories live. Discover now