//Chp-10//P-2

328 99 3
                                    

လူရွယ်ကအမြန်ရှင်းပြလာသည်။

"ကျွန်တော် လမ်းမဘေးမှာပုန်းနေတာပါ။
လေတိုက်တာအရမ်းအေးလို့လေ။
အဲနားမှာမြက်တွေနဲ့ဆိုတော့ နည်းနည်းနွေးလို့။
ကျွန်တော်မနေ့ကမနက်တုန်းက
နန်ကျင်းကနေ ရှန်ဟိုင်းကိုမောင်းလာတာ။
ကျွန်တော်ရှန်ဟိုင်းကိုရောက်ရောက်ချင်းမှာပဲ
ကားတစ်စီးကကျွန်တော့ကားကို၀င်တိုက်သွားတယ်။
ကျွန်..ကျွန်တော်နိုးလာတော့
ကျွန်တော် ကားပြတင်းပေါက်အကွဲထဲကနေ
အပြင်ကိုထွက်ကျနေတာ။
ဒါပေမယ့် ကျွန်တော်မသေဘူး။ ပြီးတော့.."

လူရွယ်၏မျက်လုံးများတွင် ကြောက်လန့်မှုများကိန်း၀ပ်လျက် ဆက်ပြောလာသည်။

"ပြီးတော့ မှောက်ထားတဲ့ကားတွေမှာ
လူတစ်ယောက်မှမရှိတာကိုတွေ့လိုက်ရတယ်။
သွေးစက်တွေတောင်မရှိဘူးဗျာ "

ထန်မော့ကအမူအယာမပြောင်းပဲလူရွယ်ကို စိုက်ကြည့်နေကာ သတိတစ်ချက်မှမလွတ်စေရပေ။

"သူတို့အကုန်ပျောက်သွားပြီ။
မင်းကားအက်ဆီးဒန့်ကြောင့် မေ့နေလို့
အနက်ရောင်မျှော်စင်က ဂိမ်းစပြီလို့
ကြေညာတာကို လွတ်သွားတာ။
အခုကမ္ဘာပေါ်မှာ
လူပေါင်းသန်း၅၀၀ကျော်ပဲရှိတော့တယ်။
ကျန်တဲ့သူတွေက.."

ထန်မော့က လူမရှိသောကားများကို
လက်ညှိုးထိုးပြလိုက်သည်။

"ပျောက်သွားကြပြီ.."

လူရွယ်၏မျက်လုံးတို့ကပြူးကျယ်သွားကာ
သူ၏ကိုယ်မှာအေးခဲသွားသည်။
သူသည်လမ်းဘေးသို့တွန်းဖယ်ခံထားရသော လူမရှိသည့်ကားများကိုတချက်ကြည့်လိုက်ကာ
ထန်မော့အားပြန်ကြည့်လိုက်သည်။

"ကျွန်တော့်မိသားစုက ရှန်ဟိုင်းမှာ။
အကိုရှန်ဟိုင်းကိုသွားနေတာဆိုရင်
ကျွန်..ကျွန်တော့်ကို ခေါ်သွားပေးပါလား
အကိုကဒီကားတွေကို
တစ်ယောက်တည်းတွန်းနိုင်လောက်အောင်
သန်မာတာပဲဗျာ။
ကျွန်တော့်မှာပိုက်ဆံတွေပေါပါတယ်။
ကျွန်တော့်ကိုသာ ကူညီမယ်ဆို
အကိုလိုသလောက်ပေးမယ်ဗျာ။
နော်.. ကျေးဇူးပြုပြီး။ "

ထန်မော့ကသည်စကားတွေကိုကြားတော့
ညင်သာစွာပြုံးလိုက်သည်။

ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီ [The Black Tower]Where stories live. Discover now