//Chp-18//P-1

349 90 1
                                    

ရုတ်တရက် ထန်မော့ခြေကိုကြွလျက်
ဘယ်ဘက်သို့်နှစ်လှမ်းလှမ်းလိုက်သည်။
သူမကြာသေးခင်လေးတင် နင်းမိခဲ့သောနေရာတွင် လက်ညှိုးတစ်ချောင်းစာခန့်ရှည်လျားသော
သံတစ်ချောင်းကလျင်မြန်စွာထွက်ပေါ်လာသည်၊
နင်းများနင်းမိလိုက်လျှင် သူ၏ခြေဖဝါးအထိထုတ်ချင်းဖောက်၀င်သွားမည်မှာ
ပြောစရာတောင်မလို​ချေ။

ထန်မော့ခေါင်းကိုမော့လျက် ပါတ်၀န်းကျင်အား သတိအနေအထားဖြင့်ကြည့်လိုက်သည်။

အလွန်စောသည့်မနက်ပိုင်းသာဖြစ်သေးသည်မို့
ညလေအေးတို့ကတိုက်ခတ်နေဆဲပင်။
အနီးအနားတွင်မူ လူတစ်ဦးမှရှိမနေသယောင်ထင်ရသည်။
ထန်မော့ရှေ့သို့ဆက်၍လျှောက်လိုက်သည်။
ရုတ်တရက်ပေါ်လာသော မှော်သံချောင်းရှည်ကို နောက်ထပ် နှစ်ခေါက်ခန့်ရှောင်ရှားလိုက်ရသေးသည်။
ထိုထဲကတစ်ချောင်းဆိုလျှင် သူ၏မျက်နှာရှေ့ကိုတောင် ပျံသန်းလာခဲ့သေးသည်။
သူသာသတိမထားနေခဲ့ဘူး ဆိုလျှင်ထိုသံချောင်းက သူ၏မျက်လုံးကိုဖောက်၀င်သွားလိမ့်မည်။
ကံကောင်းတာက သူကသတိကြီးသူမို့
ရှောင်နိုင်ခြင်းပင်။

ဤထူးခြားသောဖြစ်ရပ်များမှာ သူကျောင်းနှင့်တဖြည်းဖြည်း နီးကပ်လာသောအခါမှကြုံတွေ့ရခြင်းဖြစ်ကြောင်းလည်း သတိထားမိလိုက်သည်။
ယခုတွင် သူကျောင်းနှင့်မီတာ၈၀ကျော်သာေ၀းတော့သည်။

ခဏမျှတွန့်ဆုတ်ပြီးနောက် ထန်မော့ ကျောင်းထဲသို့၀င်၍စူးစမ်းရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ဤတွင် အလွန်အထိန်တလန့်ဖြစ်နေဟန်
အသံတစ်ခုကရုတ်တရက်ပင်

"မလာနဲ့"

အသံမှာ အနည်းငယ်စူးသော ကလေးငယ်တစ်ဦး၏အသံပင်။

ထန်မော့အလျင်အမြန်ပင်တုန့်ပြန်လိုက်သည်။

"မင်းကဒီကျောင်းကကျောင်းသားလား"

"မလာနဲ့ ခင်ဗျကဘယ်သူလဲ"

"ငါ့မှာမကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး။
ငါဒီကိုကျောင်းသူတစ်ယောက်ရှာမလို့လာတာ။
သူကငါ့သူငယ်ချင်းရဲ့သမီးပါ"

ထန်မော့၏မျက်နှာရှေ့တွင် ပျံ၀ဲနေသော သံချောင်းကြီးမှာလည်း အားကုန်သွားသလိုမျိုး အောက်သို့ပြုတ်ကျသွားတော့သည်။ထန်မော့လည်းရှေ့သို့ဆက်လျှောက်လိုက်ပြီး ကျောင်းတံခါး၀ထံသို့ရောက်လာခဲ့သည်။
ထိုနေရာမှတဆင့်စူးစမ်းကြည့်ရာ အထဲတွင်
မည်သူကိုမှမမြင်ရ။
အခုလေးတင်သူ့နဲ့စကားပြောနေသော
ကျောင်းသားလေးကိုပင်မတွေ့ရပေ

ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီ [The Black Tower]Where stories live. Discover now