0.2

9.7K 974 12
                                    

Laptop ကြီးကို စိုက်ကြည့်နေတဲ့ ရီပေါ်က မျက်နှာအမူအရာတွေ တစ်ခုပြီးတစ်ခု ပြောင်းလဲတယ်

"အရမ်းတွေချစ်ပြနေလိုက်တာ ရှောင်ကျန့်က"

ဝမ်ရီပေါ် က တလောကမှ အသစ်ထွက်ထားတဲ့ Historical drama တစ်ကားကို ကြည့်နေခြင်းဖြစ်ပါတယ်။ဇာတ်လိုက်ကတော့ သေချာပေါက် ရှောင်ကျန့်ဆိုတဲ့သူ့ရည်းစားဟောင်းကြီးပါပဲ။
မနေ့ညက ရှောင်ကျန့်အကြောင်းတွေကို တကူးတက ရိုက်ရှာဖြစ်တယ်။ဝေးသွားရတဲ့နှစ်တွေအတွင်းမှာ ရှောင်ကျန့်က ဘယ်အခြေအနေရှိနေလဲဆိုတာ သူသိထားဖို့လိုမယ်ထင်ခဲ့လို့။

ရှာရင်းနဲ့တွေ့မိတာကHS မှာ Trending ဖြစ်နေတဲ့ ရှောင်ကျန့်နဲ့ မင်းသမီးတစ်ယောက်ရဲ့ Dating New တွေ။ပြိးတော့ အမြင်ကတ်ဖို့ကောင်းလောက်အောင် ဗွက်ထနေတဲ့ shipper fan page တွေ။

ဝမ်ရီပေါ် က စိတ်ခံစားချက်တွေမထိန်းချုပ်နိုင်သေးပါဘူး။ရည်းစားဟောင်းရဲ့ Rumor က သူ့ကို ရှာလကာရည်အိုင်ထဲ တွန်းချလိုက်သလိုပင်။
ဒါပေမဲ့ သူလုပ်မိဖို့ရွေးချယ်ခဲ့တာကလည်းရှာလကာရည်ပင်လယ်ကြီးထဲ လက်ပစ်ကူးလိုက်ဖို့။
ဘာစိတ်ကူးပေါက်ပြီး ရှာကြည့်မိမှန်းမသိပေမယ့် ရှောင်ကျန့်နဲ အဲ့ဒီမင်းသမီးရိုက်ထားတဲ့ ဇာတ်ကားကို ရှာကြည့်လိုက်မိတယ်။

အဲ့ဒီဇာတ်ကားကိုကြည့်ပြီး ဝမ်ရီပေါ်ရဲ့ review လေးကလား။ဘယ်လိုပြောရမလဲ..

လက်ခုပ်သုံးချက် တီးပြီး ပြောလိုက်ချင်ပါတယ်။
ရှောင်ကျန့်က အရမ်းတွေသရုပ်ဆောင်ကောင်းလွန်းတယ်ဆိုပြီးတော့။အထူးသဖြင့် Roတဲ့အခန်း တွေမှာပေါ့။မင်းသမီးနဲ့Rumor တွေထွက်လောက်အောင်ထိ ပီပီပြင်ပြင် Ro တတ်ခဲ့တာ။

"ခရမ်းရောင်ဝတ်ရုံရှင်ကလည်း သတ်မယ့်သတ်အသေသတ်လေ ဦးနှောက်မရှိတဲ့ သောက်တုံးပါလား။
ဇာတ်လိုက်မကို သတ်ပါတယ်ဆိုမှ မသေတော့ ဘယ်လိုလုပ်ကြမတုန်း။"

ကြည့်ရင်းကြည့်ရင်းနှင့် ဝမ်ရီပေါ် ရဲ့ မျက်နှာကြီးက မဲမှောင်လာတယ်။နာရီတွေကလည်း တရွေ့ရွေ့ကုန်ဆုံးတယ်။

နောက်ဆုံးဇာတ်သိမ်းပိုင်းမှာ သေသွားတဲ့ ဗီလိန်ကြီးကလည်း နောက်ဆုံးတော့ ချီးထုပ်ကြီးပါပဲ။
ဗီလိန်ထက်ပိုပြီး ချီးထုပ်ကျတဲ့ချီးထုပ်pro maxက ဇာတ်အိမ်တစ်ခုလုံး ဗရမ်းဗဒါတွေဖြစ်အောင် ဖန်တီးခဲ့တဲ့ မူရင်း ဝတ္တုရေးသူလို့ သတ်မှတ်လိုက်တယ်။

The Protagonist is My Ex [Completed]Where stories live. Discover now