2.2

7K 887 219
                                    


"အရှင့်သား..."

"အင်း."

ဝမ်ရီပေါ်က သူ့လက်ထဲက တူနှစ်ချောင်းကိုမျက်မှောင်ကြုတ်ကြည့်နေတယ်။သူက အရက်နှစ်ခွက် ဝင်ပြီးအနေအထားမှာ ပါးဖောင်းလေးက နည်းနည်းရဲနေပြီဖြစ်တယ်။

"အရှင့်သား ..ကျနော်မျိုးလက်ထဲမှာ တူ၄ချောင်းကိုင်ထားတာ တွေ့လား..အဟီး...မိုက်လိုက်တာ."

နှာခေါင်းလေးရှုံပြီး အားရပါးရရယ်နေတဲ့ ဝတ်ရုံရှင်က သူ့လက်ထဲက တူနှစ်ချောင်းကို လက်ညိုးလေးတထိုးထိုးနှင့်ရယ်။

"ကျနော်မျိုး သုံးထပ်သား စားချင်တယ်"

မျက်နှာချိုသွေးတဲ့ဝတ်ရုံရှင်ကို အရှင့်သားက မနိုင်သလိုခေါင်းခါတယ်။အရှင့်သားက ဝက်သားတစ်ဖက်ကို ညှပ်ယူလိုက်ပြီး ဝတ်ရုံရှင်ရဲ့ ပန်းကန်လုံးထဲကို ဖြေးဖြေးထည့်ပေးလိုက်ပါတယ်။

"ဝက်သား နှစ်ဖက် ထည့်ပေးထားတယ်.."

ပြီတီတီနဲ့ဆိုတဲ့ အိမ်ရှေ့စံကို ဝတ်ရုံရှင်က မျက်စောင်းလေးထိုးတယ်။ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီးမှ ပန်းကန်ထဲက ဝက်သားဖက်ကို တူလေးနဲ့ညှပ်ပြီး ပါးစပ်ထဲ ထည့်ရှာတယ်။

"ကျနော်မျိုးကမမူးတာမို့လှည့်စားဖို့မကြိုးစားပါနဲ့ အရှင့်သား.။အသားတစ်ဖက်တည်းကို နှစ်ဖက်လို့မြင်ရအောင် အရှင့်သားလို မူးနေတာဟုတ်ဘူး။"

အိမ်ရှေ့စံက အသံထွက်ပြီး ရယ်မောမိတယ်။နှစ်ခုံခြာမှာရှိနေတဲ့ အမှူထမ်း အချို့ကတော့ ထူးဆန်းသလို စပ်စုကြတယ်။

"ဟုတ်ပါပြီ..."

"စကားအရမ်းမပြောနဲ့ အရှင့်သား....ကျနော်မျိုးချည်း သောက်နေရတာ မတရားဘူးလေ"

အိမ်ရှေ့စံက ခေါင်းတငြိမ်ငြိမ့်နဲ့ နားထောင်တယ်။သူတို့ စားပွဲဝိုင်းမှာ ဒိုင်ခံသောက်သူက အိမ်ရှေ့စံဖြစ်ပါလျက် မျက်နှာကြီးရဲလာသူက ဝတ်ရုံရှင်ဖြစ်တယ်။
တစ်ငုံသောက်လိုက်တိုင်း ရှုံမဲ့သွားတတ်တဲ့ဝတ်ရုံရှင်ရဲ့ မျက်နှာလေး က မျက်လုံးမပွင့်ချင်တော့သော အနေအထားကို လက်လှမ်းနေပြီဖြစ်တယ်။

The Protagonist is My Ex [Completed]Where stories live. Discover now