3.2

7.6K 749 93
                                    

"ဝမ်လေး .ဒီကို ခဏလာ .."

Living room ထဲမှာထိုင်နေတဲ့ Ceo ဝမ် က တည်တင်းနေတဲ့ မျက်နှာထားနဲ့ရယ်ပါ။
ဝမ်ရီပေါ် ကတော့ အစွမ်းကုန်ပြုံးပြလိုက်ပြီးမှ ခုန်ဆွခုန်ဆွ နဲ့ဝင်ထိုင်ရှာပါတယ်။
ဒီကနေ့ သူက သိပ်တက်ကြွနေပါတယ်။
သူ့ရဲ့ အချစ်ဦးကြီးက ဆေးရုံက ဆင်းတော့မှာမို့ ဝမ်ရီပေါ်က အထိမ်းအမှတ်အနေနဲ့ မုန့်ဝယ်ကျွေးခိုင်းဖို့ တွေးထားကြောင့်ပဲဖြစ်တယ်။

အစွမ်းကုန်တွေ 'သ' ထားပေမယ့် သူက 'ကလေးရုပ်' က မတတ်တာကြောင့် နည်းနည်းတော့ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။
ဘာပဲဖြစ်ဖြစ် ဝမ်ရီပေါ်က ချစ်စရာကောင်းပြီးသားမို့ဘအထွေအထူးတော့ ဆက်မတွေးဖြစ်တော့ပါဘူး။

"ပါး ဘာပြောမလို့လဲ။ဟိုတစ်ယောက်က ဆေးရုံဆင်းမယ့်ရက်မို့ စောစောသွားမှ ဖြစ်မှာ"

"အဲ့ဒီဟိုတစ်ယောက် နဲ့ ကိစ္စကိုလည်း နည်းနည်းလေး အလေးအနက်ထားစမ်းပါဦး ။
မနေ့က ပါးဆီကို mail ရောက်တယ် မင်းရဲ့ ကျောင်းက စာကျလာတာ"

ဝမ်ရီပေါ်က သူကိုယ်တိုင် mail မစစ်ဖြစ်တာကြာပြီမို့ အနည်းငယ်တော့ တွေဝေသွားပါတယ်။
သူက အားလပ်ရက်ရှည်နဲ့မို့ ဒိတစ်ခေါက်ခိုးပြန်ခဲ့တာဆိုတော့ ဒီအတောအတွင်း California နဲ့ အဆက်အသွယ်ပြတ်နေတာ အမှန်ပါပဲ။

"လွန်ခဲ့တဲ့ ၃ လ လောက်က ဆေးခွင့် တင်ထားပေမယ့်ဒီကြားထဲ သား accident ဖြစ်တာက ၆ လ လောက်ကြာသွားတော့ ပါးလည်း စဥ်းစားရခက်နေတယ်"

"သားရဲ့ သဘောထားကရော ဘယ်လိုရှိလဲ။နောက်ဆုံးနှစ်ကို California မှာပဲ ပြီးအောင် တက်မလား
ဒါမှမဟုတ် local ကီု ရွေ့ချင်လား"

ဝမ်ရီပေါ်က သက်ပြင်းကြီးကြီးချပါတယ်။
သူကြိုးစားလာခဲ့ရတဲ့နှစ်တွေက အရှည်ကြီးပါပဲ ။
ဒီအချိန်ကျမှ သူက Local က Certificate လောက်နဲ့ပဲ ကျေနပ်လိုက်ရမလား။
ရွေးချယ်ရတာတော်ရုံ ခက်ခဲတာမျိုးတော့မဟုတ်ပါဘူး။

"ပါး ကတော့ ဝမ်လေးဆန္ဒအတိုင်း ဘာမှဝင်ပြီးမစွက်ဖက်လိုပါဘူး။
ပါးရဲ့သားလေးက အရွယ်ရောက်တန်သလောက်ရောက်နေပါပြီ"

"ဝမ်လေး လောလောဆယ် မတွေးနိုင်သေးဘူး.ပါး
ခေါင်းထဲမှာ သိပ်ရှုပ်နေတယ်.."

The Protagonist is My Ex [Completed]Where stories live. Discover now