2.9

7.2K 790 76
                                    

"ဒီနေ့ရာသီဥတုလေးက သိပ်သာယာတာပဲ"

ဝမ်ရီပေါ်က ဆေးရုံဝန်းထဲမှာ စိတ်ပြေလက်ပြောက် လမ်းထွက်လျှောက်လာရခြင်းပဲဖြစ်ပါတယ်။နလန်ပြန်ထူနိုင်လာပြီဖြစ်တဲ့သူက မကြာခင်အချိန်မှာပဲ ဆေးရုံကနေဆင်းရပါတော့မယ်။
Drip set ကြီးကို တွန်းလို့ တစ်ယောက်တည်း လမ်းလျှောက်လာတဲ့ ဝမ်ရီပေါ်က မား စီးပေးနေကျ pony tail လေးကို ဖြုတ်ဖို့မေ့လာခဲ့ပါတယ်။

ဆေးရုံဝတ်စုံဝမ်းဆက်ကိုကပိုကရိုဝတ်ပြီးတလှုပ်လှုပ်နဲ့ လမ်းလျှောက်နေတဲ့ သူ့ကို ဘေးလူတွေက မိဘမသိဘဲခိုးထွက်လာတဲ့ ကလေးပေါက်လိုမျိုး ကြည့်ကြပါတယ်။
ဝမ်ရီပေါ် က လက်သင့်မခံစွာ ဘုကြည့်ပြန်ကြည့်လိုက်ပါတယ်။
သူအသက်က ၂၄ နှစ်ပြည့်ပြီးပါပြီလို့ အကျယ်ကြီးရန်ပြန်လုပ်လို့ရရင်လည်း အကောင်းသားရယ်ပါ။

"ဟွင်း.."

နှာတစ်ချက်မှုတ်ပြီး ရှေ့ကိုဆက်သွားတော့ ခုံတန်းပုလေး တစ်ခုကို ဝမ်းသာစွာတွေ့လိုက်ရပါတယ်။ဝမ်ရီပေါ် က အကျအနဝင်ထိုင်ပြီး ဖြတ်သွားတဲ့လူတွေကို ဘယ်ညာလိုက်ကြည့်ပါတယ်။
သူ့ရဲ့ pony tail ကလေးကတော့ ဟိုလှုပ်ဒီလှုပ်နဲ့မို့ အငြိမ်မနေရရှာပါဘူး။

သူ့ရဲ့မျက်လုံးတွေက နံရံကပ်ပိုစတာ တစ်ခုမှာအဆုံးသတ်သွားခဲ့တယ်။ပိုစတာထဲမှာအစွမ်းကုန် ပြုံးပြီး သွားတိုက်ဆေးကြေညာနေတဲ့ သူကတော့ သူ့ရဲ့အနာဂါတ်ယောကျ်ားလောင်းကြီးပါပဲ။
ဝမ်ရီပေါ်က သူ့ရည်းစားဟောင်းကြီးရဲ့ အခြေအနေကို သိပ်စိတ်ဝင်စားမိပါတယ်။

ဝမ်ရိပေါ် က သတင်းအမှောင်ချထားခံရပါတယ်။သူ့ရဲ့အချစ်ဦးကြီးအကြောင်းကို ပါးပါးကလည်း ပြောမပြလို မား ကလည်း မဟရှာပါဘူး။
ဘာပဲဖြစ်ဖြစ် ဝမ်ရီပေါ် ကတော့သတိရတိုင်း 'သားSean Xiaoကိုယူမှာ' လို့ခပ်ဖွဖွပြောလေ့ရှိပါတယ်။မားတို့က သူ့စကားကို မကြားချင်ယောင်ဆောင်နေတာလား နားယဥ်သွားတာလားတော့ မသဲကွဲတော့ပါဘူး။

သူနေကောင်းသွားရင်တော့ မိဘတွေမပြောပြရင်တောင် သူက ရှောင်ကျန့်အကြောင်းကို ရအောင်စုံစမ်းဦးမှာပါ။အခုချိန်လောက်ဆို နောက်ထပ် မင်းသမီးဘယ်နှယောက်လောက်နဲ့ Dating new တက်နေပြီလဲဆိုတာ သူက သိချင်မိပါတယ်။နည်းနည်းလေးတော့ ပညာပြန်ပေးရမယ် လို့ပဲတေးထားမိလိုက်တယ်။

The Protagonist is My Ex [Completed]Where stories live. Discover now