3.1

7.9K 814 147
                                    

ဝမ်ရီပေါ်က တံခါးကိုခေါက်လိုက်ဖို့ လက်တေ့လိုက်ပြီးမှ ပြန်ချပါတယ်။တံခါးရှေ့မှာ ဟိုလျှောက်ဒီလျှောက် နဲ့ သူက သိပ်ကို စိတ်လှုပ်ရှားနေရပါတယ်။
ဒီကနေ့မနက်မှာ သူက ကျူးရှီးလော့ဆီက သတင်းကောင်းကြားခဲ့ရတာကြောင့်ရယ်ပါ။
သူ့ရဲ့အချစ်ဦးကြီးက ပြန်သတိရလာပြီဆိုတဲ့အကြောင်းကိုပေါ့။

ထိတ်ခနဲဖြစ်သွားတာထက် ဝမ်းနည်းတာလိုလိုဝမ်းသာတာလိုလိုခံစားချက်ကြီးက ခံစားရအလွန်ခက်ပါတယ်။
သူ့မှာ ကြားကြားချင်း ဝရုန်းသုန်းကားနဲ့ လာခဲ့ရပေမယ့် ဒီတံခါးအရှေ့ရောက်မှ လာပြီးတစ်နေရတယ်။

ရှောင်ကျန့်နဲ့တွေ့ဖို့က စိတ်ထဲမှာတစ်မျိုးကြီးရယ်ပါ။
ကြောက်တာလိုလို အားနာတာလိုလို ဒေါသထွက်တာလိုလို ဗိုက်ဆာတာလိုလို နှင့်။
ဝမ်ရီပေါ် က 'လိုလို' ရောဂါကြီးခံစားနေရပြီး ဒီရောဂါက ဒေါက်တာစုန့်ကျိရန်လည်း ဆေးခါးတွေတိုက်ရုံနဲ့ ကုသနိုင်မယ်မထင်မိပါဘူး။

"ဟူး."

သူက သက်ပြင်းကိုချလို့ မျက်လုံးကို စုံမှိတ်ပါတယ်။စိတ်အခြေအနေကိုအဆင့်သင့်ပြီးတာနဲ့ တံခါးကို တွန်းဖွင့်ဖို့ ကြံလိုက်ပါတော့တယ်။

"ကျွီ .."

တံခါးက ပွင့်သွားခဲ့ပါတယ်။
ဒါပေမဲ့ သူတွန်းလိုက်တာမဟုတ်ပဲ အထဲကလူက ဆွဲဖွင့်လိုက်တာကြောင့်ရယ်ပါ။ဝမ်ရီပေါ်က မျက်စိမှိတ်လို့ အားကုန်တွန်းလိုက်ပေမယ့် သူတွန်းမိလိုက်တာက ဘာမှမရှိတဲ့လေဟာနယ်ကြီးကိုပါပဲ။

အရှိန်လွန်သွားတဲ့ဝမ်ရီပေါ်က ဖရိုဖရဲနဲ့ လေးဘက်ထောက်ရက်လေးပြုတ်ကျပါတယ်။ဝမ်ရီပေါ်က လက်းဖဝါးနာသွားတာထက် ရင်ထဲမှာပိုလို့နေရခတ်ပါတယ်။
Ex ရဲ့ရှေ့မှာဘယ်လိုတောင် အရှက်ကွဲမှုကြီးလဲ။

"အာ....ချာတိတ် sorry ပါကွာ။ကောလည်း ရုတ်တရက်ဆိုတော့ ဒီအတိုင်းဆွဲဖွင့်လိုက်မိတာ"

ကျူးရှီးလော့က ပြောလည်းပြောရင်း ဝမ်ရီပေါ်ဆီကို လက်ကမ်းပေးပါတယ်။ဝမ်ရီပေါ်က လော့ကော ရဲ့ လက်ကို ကိုင်ပြီး အားယူထလိုက်ပါတယ်။
ဒါပေမဲ့ သူမျက်နှာကတော့ ငုံ့ထားဆဲပါ။

The Protagonist is My Ex [Completed]Where stories live. Discover now