"သခင်..."
ဝမ်ရီပေါ်က လမင်းကြီးကိုခပ်ဆွေးဆွေးငေးနေရာကနေ အားယမ်ကို တစ်ချက်ကြည့်တယ်။ဒီနေ့နဲ့ဆိုရင် သူ့ရည်းစားဟောင်းကြီးနဲ့ မတွေ့ရတာ ၆ ရက်ကြီးများတောင်ရှိပြီ။ဝမ်ရီပေါ် က အရင်ကလိုအစားတွေသိပ်မစားနိုင်တာနဲ့ပါးဖောင်းလေးတောင် နည်းနည်းပဲကျန်ရစ်တော့တယ်။
"သခင်..နေမကောင်းဘူးလား"
"ငါ အဆင်ပြေပါတယ်"
အားယမ်က သူ့အရိပ်အကဲကိုပဲ အကဲခတ်နေပုံရတယ်။ဝမ်ရီပေါ် က မသိချင်ယောင်ဆောင်နေလိုက်ဖို့ပဲရွေးတယ်။တစ်စုံတစ်ယောက်ကို လွမ်းတယ်လို့ရင်ဖွင့်မိရင် တချို့က ပျက်လုံးကြီး လိုထင်ကြလိမ့်မယ်။
"ဒါမှမဟုတ်...သခင်.."
"ဗိုက်ဆာနေတာလားဟင်..."
Feel နေတဲ့ ဝမ်ရီပေါ်က အားယမ်ကို မျက်စောင်းကြီးကြီးလှမ်းထိုးလိုက်တယ်။အလိုက်မသိတဲ့ ငယ်သားကို ဘယ်လို ဆုံးမ ရပါ့မလဲ။
"ငါရုပ်က ဗိုက်ဆာနေတဲ့ပုံပေါ်နေတာလား"
"မဟုတ်ရပါဘူး...မဟုတ်ရပါဘူး...သခင်"
ပျာပျာသလဲနဲ့ခေါင်းတခါခါ လက်တခါခါငြင်းနေတဲ့ အားယမ်ကိုကြည့်ပြီး သက်ပြင်းသာချလိုက်တော့တယ်။လက်နှစ်ဖက်ပေါ်မေးတင်ပြီး မြင်နေရတဲ့ လကြီးကို သာ ဆက်ကြည့်နေလိုက်တော့တယ်။အခုချိန်မှာ သူက စကားပြောချင်စိတ်မရှိဘူးရယ်။
"ဟင်း.."
ရှေ့လျှောက်သူ ဘာဆက်လုပ်ရတော့မှာလဲ။ဇာတ်လိုက်မကအလယ်ဆောင်သခင်မ နဲ့ အရမ်းတွေ ဓါတ်တည့်နေတာကြောင့် သူကအကြံထုတ်မရတော့ဘူး။ဝမ်ဖူယွမ်ကတော့ မျက်နှာသာ အပေးခံနေရပေမယ့် တစ်ဖက်မှာလည်း မျိုးရိုးနိမ့်သူ ဖြစ်တာကြောင့် အကုန်လုံးရဲ့အပါယ်ခံလိုလို ကို ဖြစ်နေတော့တာ။
အပါယ်ခံရလေလေ ဇာတ်လိုက်မက သနားစရာကောင်းလာလေလေ လို့ တွေးမိတော့ သူ့ရည်းစားဟောင်းကြီးအတွက် စိတ်ပူရပြန်တယ်။
မတော်လို့ သနားစရာဇာတ်လိုက်မကို တွေ့ပြီး ကြိုက်သွားရင် ဘာဆက်ဖြစ်မလဲ။
သေချာပေါက် ဝမ်ရီပေါ် ကိုယ်ကျိုးတွေနည်းကုန်မှာပေါ့။