Final

12K 876 227
                                    

"ကဲ သတို့သားနဲ့ သတို့သားရဲ့လင်လေး တို့နမ်းလို့ရပါပြီ"

ကျူးရှီးလော့ ရဲ့ အသံက အကျယ်ကြီးထွက်လာခဲ့ပါတယ်။ ဝမ်ရီပေါ် က ရှက်ပြုံးပြုံးနေခဲ့ပြီး ရှောင်ကျန့်ကတော့ ထုံးစံအတိုင်း ဧည့်ခံပွဲက လူ တွေကို ဂြိုလ်သားဇာတ်သွင်းနေဆဲပါ။

"ဘာကို နမ်းမှာလဲ..ဒါက စေ့စပ်ပွဲပဲကို..ကျူးရှီးလော့တို့ဉာဏ်မရှိပုံများ"

"Wedding မှ နမ်းရမယ်လို့ CEO ကြီးကိုဘယ်သူပြောလဲ..နမ်းချင်ရင်နမ်းလို့ရတာပဲ"

"နမ်းချင်ရင်နမ်းလို့ရတယ်ပေါ့.."

အခုရက်ပိုင်း CEO ကြီးက ထူးဆန်းလာတာကို ကျူးရှီးလော့ သတိထားမိပါတယ်။ဥပမာ အခုလို ထဖောက်လာတာမျိုးပေါ့။
CEO မသိအောင် သူ့ရဲ့ laptop ထဲကို gayporn တွေခိုးထည့်ပေးမိတာ အမှားကြီးမှားပြီလားတော့မသိပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်ပါ CEO ရဲ့ အပြုံးကြီးကို သူက ကြက်သီးထပါတယ်။

"အဟမ်း ...ဟို..ဟို..ခဏနေသတင်းသမားတွေရောက်လာတော့မှာမို့ ပြင်ဆင်စရာလေးတွေရှိသေးတယ်ရယ်..ကျနော့်ကို ခွင့်ပြုပါဦး CEO"

"ငါရော ကူပေးမယ်လေ.."

Super hero တို့ ကျူးရှီးလော့ကို ကယ်ကြပါ။
CEO ကြီးက သူ့ကို 'ကူပေးမယ်' လို့ပြောလိုက်တာလား။
ကြည်ရတာ ဒီနေ့မနက် CEO ကြီး ဆေးမှားသောက်လာခဲ့ပြီထင်ပါရဲ့။
.
.
.

"ကိုကို ..ငါ ရင်တွေတုန်နေတယ်"

"ကိုယ်ရှိတယ်လေ ဝမ်ကလေးရယ်"

ရှောင်ကျန့်က တုန်လှုပ်ခြင်း တစ်စက်မျှ မရှိလေတဲ့ အသံနဲ့ဆိုပါတယ်။
မနက်ဖြန်ခေါင်းစည်းပိုင်းမှာ ပါလာမယ့် သူတို့နှစ်ယောက်ရဲ့ သတင်းအတွက် အကျိုးရလဒ်ကတော့ ကောင်း၏ဆိုး၏မသေချာပါဘူး။
ဒါပေမဲ့ဘယ်လိုရလဒ်မျိုးပဲဖြစ်ဖြစ် ရှောင်ကျန့်ဟာ ထည့်တွက်လိမ့်မှာမဟုတ်ပါဘူး။

"စေ့စပ်ပွဲအထိန်းအမှတ်အနေနဲ့ ဝမ်ကလေး ဒီနေ့ည ကိုယ့်အခန်းထဲလာအိပ်ရမယ်"

"ဘာမှလည်းမဆိုင်ဘူး"

ရှောင်ကျန့်က စိတ်နဲ့လူနဲ့ မကပ်တဲ့ကောင်လေးအတွက် ရောက်တတ်ရာရာ စကားလမ်းကြောင်းလွှဲပါတယ်။
ဒီကနေ့မှာ သူသိပ်ပျော်နေတာမို့ ချစ်ရတဲ့ ဝမ်ကလေးကိုလည်း ဝမ်းမနည်းနေစေချင်ပါဘူး။

The Protagonist is My Ex [Completed]Where stories live. Discover now