1.6

7.4K 929 103
                                    

ဝမ်ရီပေါ်တစ်ယောက် အလုပ်တွေသိပ်သိပ်ရှုပ်နေပါတယ်။ဒီနေ့အဖို့ဆိုရင်ဖြင့် အရင်ဘဝက ရည်းစားဟောင်းကြီးအတွက်မြောင်းမဖောက်နိုင်လောက်တဲ့အထိ အလုပ်ရှုပ်လွန်းနေတယ်။
ကျိုကျင်း ရောက်တာက ရက်အတော်ကြာနေပြီဖြစ်တာကြောင့် ရီပေါ်တို့ ဝေးပေးနေတဲ့ ရိက္ခာခြောက်တွေက ကုန်လုနီးနေပြီ။ဒီနေ့က နောက်ဆုံးလို့တောင်ပြောလို့ရတာကြောင့် ရှိတဲ့လက်ကျန်တွေအကုန်စုပြီး ဆန်ပြုတ် ချက်ဝေဖို့ပဲတွေးမိတော့တယ်။

ရီပေါ်က အိုးကြီးအိုးငယ်တွေကြား ဟိုပြေးဒီးပြေးနဲ့ရယ်ပါ။ချက်တတ်လို့ရယ်တော့မဟုတ်ပေမယ့်လို့ သူကမြည်းစမ်းသူကောင်းတစ်ယောက်ဖြစ်မယ်ဆိုတာတော့ ယုံကြည်တယ်။

"သခင်...ဒီနားက မပူလွန်းဘူးလား..."

"ရတယ်..ပြသနာမရှိပါဘူး.ငါ ယောကျ်ားပါကွ"

နဖူးစပ်က ချွေးလေးတွေကို ဝတ်ရုံလက်နားနဲ့သုတ်လိုက်တယ်။မြောက်စီးထားတဲ့ ဆံနွယ်တွေကြောင့် အပူသက်သာသလိုရှိပေမယ့်လို့ ရီပေါ်ကိုက ပူတတ်လွန်းတဲ့သူ ဖြစ်နေပုံရတယ်။

"ငါ...ဟိုနားမှာ ခဏနားဦးမယ်..ကျက်ခါနီးရင် လာပြောလှည့်ကြ"

ဝမ်ရီပေါ်က ပူလွန်းနေတဲ့အတွက် ဝတ်ရုံအခြေကို လက်နှစ်ဖက်အားကိုးနဲ့ အနည်းငယ်မြောက်ထားရ
တယ်။အရိပ်ရတဲ့ သစ်ပင် တစ်ပင်ကို ရွေးချယ်လိုက်ပြီး ထိုးထွက်နေတဲ့ အမြစ်တွေပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိတော့တဲ့အထိ ပင်ပန်းလွန်းနေပြီ။

"ဒီအချိန်ဆို Coke လေးပဲဖြစ်ဖြစ် Matcha အေးအေးလေးပဲဖြစ်ဖြစ် သောက်လိုက်ရရင်...အင်း.."

ရီပေါ်က ခပ်တိုးတိုးရွတ်လို့ အလုပ်ရှုပ်နေတဲ့ နေရာကို ငေးကြည့်မိတယ်။သန်ဘက်ခါဆိုရင်သူက ကျိုကျင်းကို ပြန်ရတော့မယ်။အခု သူနဲ့အိမ်ရှေ့စံရဲ အခြေအနေက အနည်းငယ်တိုးတက်လာခဲ့ပေမယ့် သူလိုချင်တဲ့အနေအထားအထိတော့မဟုတ်ခဲ့ဘူး။
အခုတောင် အရှင့်သားက သူ့အလုပ်သူလုပ်နေတာဖြစ်ပြီး ရီပေါ်တို့ ဆန်ပြုတ်ဝေးပေးတဲ့နေရာကို ယောင်လို့တောင်လာမကြည့်ဘူး။

မြို့တော်ဆီပြန်ရောက်ရင် သူ့အတွက် အခွင့်အရေးက နည်းလွန်းသွားပြီ။ဇာတ်လိုက်မလည်း ရှိနေတဲ့အပြင် အရှင်ကလည်း ခလုတ်တစ်ခုသာသာရယ်ပါ။

The Protagonist is My Ex [Completed]Where stories live. Discover now