0.4

8.1K 936 29
                                    

"ကဲ နားလည်ပြီလား နင့်ကိုရှင်းပြရတာ တကယ်မောတယ်"

ဝမ်ရီပေါ်က ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ နားထောင်ပါတယ်။တကယ်တော့ ချီးထုပ် pro maxက ဒီဇာတ်လမ်းတွဲစရိုက်တဲ့နေ့မှာပဲ ကားaccident နဲ့သေသွားခဲ့တာ။ပြောရရင် ရီပေါ် ကားaccident ဖြစ်တဲ့နေရာ ပတ်ဝန်းကျင်လေးမှာတင်ပါ။

ချီးထုပ်pro max က လက်ရှိဘဝကို အစွဲကြီးတာကြောင့်ဘဝမကူးနိုင်သေးဘဲ ဝိညာဥ်ကူးပြောင်းရေးသံတမန်အဖြစ် ခန့်အပ်ခံလိုက်ရတာ။အဲ့ဒီအချိန်မှာ ကံဆိုးရှင်အမောင် ဝမ်ရီပေါ်က သူ့ပိုင်နက်ထဲမှာ လာအသေခံသလိုဖြစ်သွားတာပေါ့။

ချီးထုပ် pro maxကသာ သူ့ကို အသက်ပြန်ရှင်လာအောင်ကြိုးစားလမ်းပြပေးနိုင်ရင် ဝိညာဥ်ကူးပြောင်းရေးသံတမန်ဘဝကကင်းလွတ်ခွင့်ရမယ်ဆိုပေလား။
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က တစ်လှေတည်းစီးတွေလို့ သတ်မှတ်လို့ရတယ်မလား။
ဝမ်ရီပေါ်က တစ်ခြမ်းစောင်းကြီးပြုံးလိုက်ပါတယ်။

"နင်ဘာတွေအကောက်ကြံနေပြန်တာလဲ "

"ဒီနေ့ကစပြီး ခဗျား ကျနော့်အပေါ် အပြောအဆို ဆင်ခြင်သင့်တယ်ထင်တယ်နော်"

"ဘာလို့လဲ"

"ကျနော်သာ ဇာတ်လိုက်ရဲ့ အချစ်ကို မယူပေးရင် ခဗျားလည်း ဟိုမရောက်ဒီမရောက်ဘဝကြီးမှာပဲ နေနေရဦးမှာလေ"

ပြန်ဖြေသံမကြားတာကြောင့် ရီပေါ်ရဲ့ အပြုံးတွေက ပိုပြီး ပီပြင်လာတယ်။

"ပြီးတော့ ခဗျား ကျနော်လိုအပ်တဲ့အရာတွေကို လုပ်ပေးရဦးမယ်"

"နင်ဟာလေ..."

"လုပ်ပေးမှာလား မလုပ်ပေးဘူးလား"

"အေးဟာ...လုပ်မယ် လုပ်မယ်"
.
.
.

"လားလီးလာလီး.....လာလီးလာလီး....လာလီးလာလီး..."

ဝမ်ရီပေါ်က ရေချိူးကန်ထဲမှာ ဇိမ်ကျနေတယ်။
သူ့ဘဝကြီးက မု နန်းဆောင်ထဲမှာ သိပ်ကိုသာယာနေပါတယ်။စားလိုက် သောက်လိုက် အိပ်လိုက် ဘယ်လောက်ကောင်းလိုက်သလဲ။

"ဝမ်ရီပေါ်..!!"

"အမလေး..ထျန်းနား!!"

ဝမ်ရီပေါ်က ရေမစိမ်ထားတဲ့ သူ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို လက်နှစ်ဖက် ယှက်ပြီး အမြန်ကာလိုက်ရတယ်။
ချီးထုပ် pro max က တကယ်မလွယ်ပါဘူး ။
ပေါ်ချင်တဲ့ အချိန်ပေါ်ပေါ်လာတော့တာပါ။
ဟိုတစ်ခါကဆို ရှူးရှူးပေါက်နေရင်း ရုတ်တရက်ကြီး လာအော်လို့ ရှူးတောင်တန့်သွားပါသေးတယ်။

The Protagonist is My Ex [Completed]Where stories live. Discover now