1.0

7.4K 883 28
                                    

"ဒီနားမှာ တစ်ထောက်နားမယ် ခဏနေမှ ရွာထဲဝင်ကြတာပေါ့..."

ရှောင်ကျန့်က မြစ်စပ်မို့ နားရန် ဆုံးဖြတ်မိတယ်။
ရေလည်း ဖောဖောသီသီ သုံးနိုင်တာကြောင့် ခရီးပန်းလာတဲ့သူတို့အတွက် အသင့်တော်ဆုံးပဲ။
ဒီမှာ နားရင်း ခဏလောက်အားယူပြီးမှ 'ကျိုကျင်း' ကို ဝင်ရုံပေါ့။
ရေသွားသောက်သူက သောက် နားသူက နား နဲ့ မို့ ရှောင်ကျန့်က လူရှင်းတဲ့နေရာကိုပဲ သွားလိုက်တယ်။
ငယ်သားတွေနားချိန်မှာ အကြီးအကဲရှိနေတယ်ဆိုတဲ့ အသိကြောင့် လွတ်လွတ်လပ်လပ် မရှိမှာစိုးလို့လည်း ပါတယ်။

"ဟင်...."

အမှတ်မထင်ဘဲ ရှောင်ကျန့်က နတ်သူငယ်လေးတစ်ပါးကို တွေ့လိုက်ရတယ်လို့ပဲ ထင်လိုက်မိသွားတယ်။ကျောပေးထားတဲ့ ခန္ဓာငယ်လေးက ရေတွေတဖြန်းဖြန်းရိုက်ရင်း သဘောကျနေပုံ။
ရေစိုနေတဲ့ဆံသားတွေက ကျောပြင်ဖွေးဖွေးထက်မှာ ဝဲကျတယ်။

တဖြည်းဖြည်း လှည့်လာတဲ့ ပုံရိပ်ကလေးကို ရှောင်ကျန် က ကြောင်အစွာ ငေးနေမိပြန်တယ်။ဖွေးနုနေတဲ့ ကြွေထည်လေးရဲ့အပြုံးတွေက သွားတန်းလေးတွေ မြင်နေရတယ်။
မျက်တောင်ထိပ်ဖျားက ရေစလေးတွေကို ရှောင်ကျန့် ဘယ်လို အဓိပ္ပါယ် ဖွင့်ပြရပါ့။

နှာတံလုံးလုံးလေး.။
သေချာတယ်.. .ဒီလူက သူသိပ်မုန်းတဲ့ ဝတ်ရုံရှင်။ရုတ်တရက် ထိတ်လန့်သွားတဲ့ မျက်နှာလေး.။
ဝတ်ရုံရှင်က နှာဖျားလေးတွေရဲနေတဲ့အထိ ကြောက်နေပုံက တဆိမ့်ဆိမ့်ထိုင်ကြည့်နေချင်စရာလေး။

"အရှင့်သား..."

နောက်ကျောဘက်က အသံကြောင့် ရှောင်ကျန့်က အကြောင်းပြချက်မရှိပေမယ့်လို့ ရေထဲက ဝတ်ရုံရှင်ကို ကာရပ်ပေးနေမိတယ်။ဝတ်ရုံရှင်ရဲ့ ဒီလိုပုံစံကို ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ မမြင်စေချင်ဘူး။

"အားနင်"

"ငယ်သားတွေက.."

"အင်း....ခဏနေကျမှ ဆက်ပြောတာပေါ့...မင်း သွားလို့ရပြီ"

"အဲ့တာက"

"ဝန်းနင်.."

"ဟုတ်...ဟုတ်ကဲ့ ..အရှင့်သား"

The Protagonist is My Ex [Completed]Where stories live. Discover now