0.9

7K 880 29
                                    

"အရှင့်သား ရိက္ခာထားတဲ့ ယာယီတဲ မီးစွဲနေပါတယ်"

"ဘာ.!"

ရှောင်ကျန့်က ထိတ်လန့်စွာ ပြေးထွက်လာတယ်။ကျိုကျင်း အတွက် ရိက္ခာတွေက အရေးအကြီးဆုံးမို့ ယာယီတဲ ပျက်စီးသွားလို့မဖြစ်ပါဘူး။

"မြစ်ရေနဲ့ မနိုင်တော့ဘူး."

ယာယီစခန်းက မြစ်နဲ့အတန်ငယ်လှမ်းတာက တစ်ကြောင်း။လူအင်အားက သိပ်မရှိတာက တစ်ကြောင်း ကြောင့် မီးကငြိမ်းဖို့ အချိန်အကြာကြီးယူရလိမ့်မယ်။
ဒီလိုနှုန်းနဲ့ ဆက်သွားရင် မီးမငြိမ်းခင် ရိက္ခာတွေအကုန်လက်စတုံးသွားရပါလိမ့်မယ်။

"အရှင့်သား ဒီနားမှာ လူလုပ်ရေတွင်းတစ်ခု ရှိပါတယ်"

ကြည့်ရတာ မုဆိုးတွေက ခရီးတစ်ထောက်အတွက် တူးထားခဲ့ပုံပါ။တော်သေးတယ်လို့ တွေးရမှာပဲ။ရေတွင်းက သိပ်မကြီးပေမယ့်လို့ မြစ်ရေထက်စာရင် အချိန်ကုန်ပိုသက်သာလိမ့်မယ်။

"တစ်ယောက်ချင်းစီ သွားမခပ်ဘဲ ရှိတဲ့လူလေးနဲ့ ခပ်ခွာခွာလေးတန်းလိုက်"

အားလုံးက ပျာနေကြတာမို့ ရှေ့မရောက်။

"အကုန်လုံး...လက်ဆင့်ကမ်းသယ်ကြ...!"

"အရှိန်မြန်မြန်လေး ကြိုးစားပေးပါ ဒီ ရိက္ခာတွေ မီးစွဲလို့ လုံးဝ မဖြစ်ဘူး"

"ဟုတ်ကဲ့.အရှင့်သား.."

အားလုံးက တက်ညီလက်ညီနဲ့ငြိမ်းသတ်ကြတယ်။
ဒိအချိန်မှာ အုံ့မှိုင်းလာတဲ့မိုးကို ရှောင်ကျန့်က ကျေးဇူးတင်သလို အမြန်လေးရွာချစေဖို့လည်းဆန္ဒရှိတယ်။
တဖြည်းဖြည်း သည်းထန်လာတဲ့မိုးရေတွေနဲ့အတူ အားလုံးက စည်းချက်ညီညီ ငြိမ်းသတ်ကြတယ်။

"တော်သေးတယ်.."

ငြိမ်းသွားပြီဖြစ်တဲ့ မီး ကြောင့် အကုန်လုံးက ခြေပစ်လက်ပစ် ထိုင်ချမိတယ်။ကံအားလျော်စွာ စဲသွားတဲ့ မိုးရေတွေ.။
ရှောင်ကျန့်က မီးငြိမ်းသွားကာစ ယာယီတဲနားကို ချဥ်းကပ်မိရင်ပဲ စုတ်တစ်ချက်သတ်မိတယ်။သူ့ရဲ့ စိတ်ဓာတ်တွေက ကျလုနီးနီး အခြေအနေဖြစ်တယ်။
ရိက္ခာ တစ်ဝက်လောက်က မီးထဲပါသွားတယ်။
ပိုစိုးတာက ကျန်ခဲ့တဲ့ ရိက္ခာတွေထဲက တော်တော်များများက ရေတွေစိုနေပြီဖြစ်တယ်။

The Protagonist is My Ex [Completed]Tahanan ng mga kuwento. Tumuklas ngayon