2.7

7.2K 831 104
                                    

စစ်ဆေးရေးကွင်းပြင်မှာလူတွေစုံနေကြတယ်။မျက်နှာမကောင်းတဲ့သူတွေလည်း ရှိပေမယ့် ဟိုးအသည်းခြေဆီကနေ လှိုက်လှိုက်လှဲလှဲ ကျေနပ်နေကြတဲ့ လူတွေလည်း ရှိကြတယ်။
ချူးရှ အရှင်ကတော့ တစ်စုံတစ်ဦးကို မျှော်လင့်နေမိရင်း ဝင်လုနီးနီး နေကြီးကို တကြည့်ကြည့်ရယ်ပါ။

ချုူးရှ အရှင်က ကွင်းလယ်က ပုံရိပ်ကလေးကို တစ်ဖန်ပြန်ငေးရင် တောင်းဆိုမိတဲ့ ရင်တွင်းစကားတစ်ခုရှိနေတယ်။အကယ်၍ သက်သေက ပေါ်မလာခဲ့ရင် အပြစ်ကို ဝန်ခံစေဖို့ပါပဲ။

"ထပ်ပြီး အချိန်ဆွဲနေရင် သင့်တော်မယ်မထင်ပါဘူး အရှင် ။အပြစ်သားကို အမိန့်ချမှတ်သင့်ပါပြီ"

"ရာရာစစ တော်ဝင်မျိုးနွယ်လောင်းကို ထိပါးရဲတာက အပြစ်ထိုက်နေပါပြီ ။သက်သေကလည်း မျက်မှောက်မှာရောက်နေတာမို့ ဘာကို စောင့်ချင်နေရသေးတာလဲ အရှင်"

ချူးရှ အရှင်က ဖြူဖျော့စွာထိုင်နေတဲ့ ဝမ်မိန်းကလေးကို စိတ်လေလေနဲ့ကြည့်တယ်။သူမ က ရဲတင်းလွန်းနေပြီး ကွင်းလယ်က ဝတ်ရုံရှင်ကိုပဲ မမှိတ်မသုန်စိုက်ကြည့်နေခဲ့တယ်။

"ရီလေး...တစ်ခုခု ပြောချင်တာမရှိဘူးလား."

ချုးရှ ပြည့်ရှင်က မျှော်လင့်တကြီး မေးပေမယ့် ဝတ်ရုံရှင်ကတော့ နှုတ်ဆိတ်လို့နေမြဲပါပဲ။ဝတ်ရုံရှင်က အားအင်ချိနဲ့စွာ ခေါင်းမော့လာခဲ့တယ်။
သူက မလှုပ်မရှက်ထိုင်နေတဲ့ ဝမ်ဖူယွမ်ကိုသာ ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်တော့တာပါ။

"တူမတော်က ဒီဦးလေးငယ်အပေါ် သိပ်ကျေးဇူးသိတတ်တာပဲ"

အက်ကွဲနေတဲ့ သူ့အသံကို ဝမ်ရီပေါ်က သတိထားမိပေမယ့် မာန်မလျော့ခဲ့ပါဘူး။ဒါက သူ့ရဲ့ အာရုံလွှဲနည်းတစ်ခုသာသာရယ်ပါ။မျက်လုံးကိုဝှေ့ဝဲပြီး ထိုင်နေကြတဲ့လူတွေထဲမှာ တစ်စုံတစ်ယောက်များရှိမလားလို့ လိုက်ရှာကြည့်တယ်။

တကယ်ပဲ သူ့ရည်းစားဟောင်းကြီးက ပေါ်မလာတော့ဘူးလား။အနည်းဆုံးတော့ ဒီနေ့မှာပဲဖြစ်ဖြစ် တစ်ခေါက်လောက်လာခဲ့သင့်တာမဟုတ်ဘူးလား။
ဝတ်ရုံရှင်ရဲ့ အဆိပ်သောက်ပွဲက အိမ်ရှေ့စံအတွက် နည်းနည်းလေးမှ စိတ်ဝင်စားစရာမကောင်းခဲ့တာလား။
ဝမ်ရီပေါ်က ပြန်လည်မွေးဖွားနိုင်မယ့်အခွင့်အရေးကို ဝိုးတဝါးသာမြင်ရပါတော့တယ်။

The Protagonist is My Ex [Completed]Where stories live. Discover now