Chapter 5.1

3.1K 541 1
                                    

Unicode

Ch-5.1 အင်းပါ ငါနားလည်ပါတယ်

အဲ့တုန်းက သူကမူးနေပြီး အားလဲမရှိဖြစ်နေတာ။ ဘယ်လိုAlphaမျိုးနဲ့ တွေ့ပြီး သူဘာတွေဖြစ်သွားမလဲဆိုတာပဲ သူစိုးရိမ်နေခဲ့တာ။

ဘေးကျပ်နံကျပ်အခြေအနေထဲ ရောက်နေတဲ့သူအတွက်တော့ တခြားကိစ္စတွေစဥ်းစားနေဖို့ အချိန်မရှိဘူး။

ဒါမဲ့ အခုမှစဥ်းစားကြည့်တော့ တဖက်လူက သူ့ကိုကူညီပြီးတဲ့နောက် သူ့ကိုဘာမှမလုပ်ဘူး
သူ့ကိုချဥ်းကပ်ပြီးမေးတုန်းကတောင် ယဥ်ကျေးတဲ့အပြင် သူ့ကိုနှိမ်တဲ့ အရိပ်အယောင်မရှိပဲ ပုံမှန်ပဲ။

ဒါဆို အဲ့လူကသူ့ကြောင့် အကျိုးမသက်ရောက်နိုင်တဲ့သဘောပဲ။

ကုရှီ မင်းဘာတွေတွေးနေတာလဲ? မင်းက တွေ့သမျှ Alpha တိုင်းကို စိတ်လှုပ်ရှားစေတယ်လို့ ထင်နေတာလား?
ဘဝင်မြင့်လှချည်လား..

'' မင်းဘာလို့ဒါကိုမေးတာလဲ? ဘာလဲ မင်းpheromoneကို မတုံ့ပြန်တဲ့Alphaကို တွေ့ခဲ့လို့လား? သူကဘယ်လိုရှားပါးမျိုးစိတ် လဲဟ '' မိုသျန်ကပြောလာတယ်။

ကုရှီရဲ့မျက်နှာက အနည်းငယ်သုန်မှုန်သွား
တယ်။ မိုသျန်ပြောလိုက်တဲ့စကားထဲမှာ ဘယ်စကားလုံးက သူ့ကိုဒေါသထွက်စေလဲ ဆိုတာသူမသိဘူး။ သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ရင်း '' သွားရအောင် ''

သူရဲ့ထူးခြားနေတဲ့မျက်လုံးတွေကိုဖုံးဖို့ ကုရှီနေကာမျက်မှန်ဝတ်လိုက်တယ်။ ချက်ချင်းပဲ သူ့ရဲ့တည်ငြိမ်သားနားတဲ့ သွင်ပြင်ကိုပြောင်းလဲသွားတယ်။

သူရဲ့ခြေတံရှည်တွေနဲ့ လျင်မြန်စွာပဲ ခြေလှမ်းလိုက်တယ်။ ခုနလေးတင် သူခံစားခဲ့ရတဲ့နာကျင်မှုနဲ့ပျော့ညံ့မှုတွေက မဖြစ်ခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေပြီး ပြီးပြည့်စုံနေတယ်။

ရုတ်တရတ် သူခေါင်းလှည့်ကြည့်လိုက်တော့ Alpha တွေအတွက်အခန်းရှေ့ ကြမ်းပြင်ပေါ်မှာကျနေတဲ့လက်ပတ်ကို တွေ့သွားတယ်။ အဲ့တာက ဒီနေ့ပွဲက fanတွေ အတွက်လက်ဆောင်ဖြစ်တယ်။

အဲ့တော့မှပဲ သူအဲ့Alphaကိုဝင်တိုက်မိတုန်းက
မတော်တဆဆွဲဖြုတ်မိသွားတာကို မှတ်မိသွားတယ်။ အဲ့လူထွက်သွားတော့ သူ့လက်ပတ်ကိုမေ့သွားပေမဲ့ သူ့အတွက် တံခါးပိတ်သွားဖို့တော့ မမေ့ခဲ့ဘူး။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now