Chapter 12

2.7K 511 13
                                    

Unicode

Ch-12

'' ဟေ့ကောင် ကျင့် သူ့ကိုကြည့်လိုက်အုံး!
စာမေးပွဲကျမယ့်ရုပ်လဲ မဟုတ်ဘူးနော်! '' တခြားကျောင်းသားတွေက လုကျင့်ကို ပြောတယ်။

လုကျင့်ရဲ့ဒေါသလဲ ပျောက်သွားပြီမို့ သူဘာမှမပြောတော့ဘူး။ ရုံကျင်းရဲ့ မပြောင်းလဲတဲ့မျက်နှာ အမူအရာကို မြင်တော့ သူလဲ အဲ့တာကို တွေးမိတယ်။ သူ့ကိုယ်သူ ကိုယ်လုံးတီးပြေးနေရမှာကို မြင်ယောင်မိတော့ သူ့မျက်နှာကြီး မဲမှောင်သွားတယ်။

နိုးပါ လုံးဝမလုပ်ဘူး

သူတို့ရုံကျင်းအကြောင်း ဘယ်လိုပဲတွေးနေပါစေ စာကြည့်တိုက်ထဲမှာတော့ ဘွဲ့လွန်စာမေးပွဲ ရလဒ်စစ်ဖို့ ကျောင်းသားတွေ အများကြီး ရောက်လာကြတယ်။

ကြည့်ရတာ လူတွေက စာမေးပွဲရှိမှ စာကြည့်တိုက်ထဲကို စုပြုံပြီး ဝင်လာကြတာနဲ့ တူတယ်။ စာကြည့်တိုက်ထဲက ပတ်ဝန်းကျင်က တခြားနေရာတွေနဲ့ယှဥ်ရင် ကွဲပြားတာမလို့ စာကြည့်တိုက်ထဲမှာ စာလေ့လာရတာ ပိုသဘောကျကြတယ်။

ကျီလဲ့ပင်း စာရင်းသွင်းပြီးတဲ့နောက်မှာတော့ ကွန်ပျူတာကို ဖွင့်လိုက်တယ်။

စစချင်းတော့ သူအဲ့လောက် စိတ်လှုပ်ရှားနေတာ မဟုတ်ဘူး ဒါမဲ့ တခြားကျောင်းသားတွေ ရလဒ်စစ်နေတာကို မြင်တော့ တဖြည်းဖြည်း စိတ်ပူလာတယ်။
တချို့က မစစ်ခင် ရေနည်းနည်း သောက်နေကြပြီး တချို့ကတော့ စာမရိုက်ဘဲ ခုံတွေနားမှာ လမ်းလျှောက်နေပြီး တချို့ဆိုရင် ဘုရားရုပ်တုလေးတွေကိုင်ပြီး ဆုတောင်းနေကြတယ်။

ဒီလိုအခြေအနေတွေ ဖြစ်နေမှတော့ ကျီလဲ့ပင်းလဲ ဖိအားတွေ ခံစားလာရမှာပဲ။

ဒါပေမဲ့ ရုံကျင်းက အရမ်းတည်ငြိမ်နေတာကို သူမြင်လိုက်တော့ ဆေးတွေဘာတွေများ သုံးထားလားလို့တောင် တွေးမိတယ်။

အနောက်ကတွေ ခေါင်းတွေပြူထွက်နေပြီး ရုံကျင်းရဲ့ကွန်ပျူတာ မျက်နှာပြင်ကို ကြည့်ဖို့လုပ်နေကြတယ်။ သူ ပထမအပိုင်း စာမေးပွဲအတွက် ရလဒ်တွေရဲ့ ပထမစာမျက်နှာကို ဖွင့်လိုက်တယ်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now